ကြော်ငြာတဲ့
ပစ္စည်းတစ်ခုကိုပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုကိုပဲဖြစ်ဖြစ် ကြော်ငြာချင်တယ်ဆိုရင် ထိရောက်အောင် ကြော်ငြာတတ်ချင်းဟာလည်း ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်..။ မြန်မာပြည်က ကြော်ငြာတွေ များသောအားဖြင့် ပစ္စည်းထက် မင်းသားမင်းသမီးကို အသားပေးလွန်းတယ်လို့ ထင်မိတာ အကြိမ်ကြိမ်ပါ..။ အခုနောက်ပိုင်း စိတ်ကုန်လွန်းရာကနေ တီဗီအစီအစဉ်တွေကိုပါ မကြည့်တော့ပါဘူး..။
ကြော်ငြာတစ်ခုက ပရိတ်သတ်ရင်ထဲ ဘယ်လောက်ရောက်သလဲ.. ဘယ်လောက်ထိရောက်သလဲဆိုတာမှာ မူတည်ပါတယ်..။ ဘာကြောင့်ကြော်ငြာသလဲ..။ လုပ်ငန်းတစ်ခု၊ ပစ္စည်းတစ်ခုကို လူတွေသိအောင် ကြော်ငြာတယ်..။ သမားရိုးကျလား..။ ထူးထူးဆန်းဆန်းလား..။ ရင်ထဲထိအောင် ဘယ်လိုကြော်ငြာမလဲ..။ မင်းသမီးကို ဟိုပွတ်ဒီပွတ် လုပ်ခိုင်းပြီး ရွှေဆိုင်ကြော်ငြာမှာလား.. မင်းသားမင်းသမီး ပြေးလွှား ခုန်ပေါက်နေတာကို ယိုစုံကြော်ငြာမှာလား..။
နောက်ပြီး.. အဲဒီကြော်ငြာက အလကားမဟုတ်ဘူး..။ ပိုက်ဆံပေးရတာ..။ ဒီတော့ ငွေကုန်သလောက်မှ မထိရောက်ရင် အလကားပဲ..။ ကိုယ်လုပ်တဲ့ ကြော်ငြာတစ်ခုဟာ ဘယ်အပိုင်းနဲ့ ဘယ်အတွက်ဆိုတာကို ကိုယ်က ထိအောင်လုပ်နိုင်ရင် ကိုယ့်ကြော်ငြာကနေ ကိုယ့်လုပ်ငန်း လူသိတယ်..။ ကိုယ့်ကုန်ပစ္စည်း လူသိတယ်..။
ကိုယ်က လူသိအောင် ကြော်ငြာရမှာ..။ ကိုယ်က လူတွေကို ဖြေဖျော်ရမှာ မဟုတ်ဘူး..။ ဒီတော့ ကိုယ့်အလုပ်၊ ကိုယ့် product ကို လူသိအောင်လုပ်ပေါ့..။ အောက်က ပုံလေးတွေကို ကြည့်ပါ..။

ဒါက မျိုးစေ့ကြော်ငြာပါ..။ အမြစ်တွေ သိပ်ခိုင်လွန်းတယ်ဆိုတဲ့ လုပ်ကွက်ကလေး ပြသွားတာပါ..။ အဲဒီပုံကို ကြည့်ပြီး ဘယ်လိုသဘောပေါက်မယ်ဆိုတာ လူပြိန်းတောင် သိမယ်ထင်ပါတယ်..။ ပြီတီတီ လုပ်နေတဲ့ မင်းသား မင်းသမီး မပါဘူး..။ ပြောင်စပ်စပ် လုပ်ပြနေတဲ့ မင်းသားမင်းသမီး မပါဘူး..။ ဘာဆိုတာကို ထင်းခနဲ မြင်ရတယ်..။ ဘာအတွက်ဆိုတာလည်း ထင်းခနဲ သိအောင် လုပ်နိုင်တယ်..။ အဲဒီ ကြော်ငြာကိုပဲ နောက်တစ်မျိုး ထပ်လုပ်ပြထားတယ်..။ အောက်ကပုံကို ထပ်ကြည့်ပေးပါ..။

အက်ရှင်တစ်ခုကို မြင်နိုင်မယ်.. ရည်ရွယ်ချက်တစ်ခုကို မြင်နိုင်မယ်လို့ ကျွန်တော်ထင်မိပါတယ်..။ ဘာပဲဖြစ်ဖြစ်ပါ..။ မျက်စေ့နည်းနည်း ပွင့်ရင် တော်ပါပြီ..။
Labels: Advertisement, Thought


8 Comments:
အင်း ခက်တာက public background education ပဲဗျ။ အရင်းစစ်ရင် ပေါ်ပါတယ်ဗျာ။ public က ဒါမှဒါ ဆိုတော့လည်း ကြော်ငြာဒါရိုက်တာတွေကလည်း ဒါမှဒါ ကြရတာပေါ့.. တကယ်တော်တဲ့ တတ်တဲ့၊ ဖန်တီးအား ကောင်းတဲ့ လူတွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်
သဘောကျတယ်ဗျို့။ များများတင်ပေးပါ။
ကျွန်မလည်း ကြော်ငြာတွေကို စိတ်ကုန်နေတာ ကြာပါပြီ။ ဘာမဟုတ်တဲ့ ဆေး ကြော်ငြာက အစ ကိုယ်တွေ လှုပ်ပြ၊ မျက်စိ မှတ်ပြတာနဲ့ .. စိတ်ကုန်ပါတယ်။ တစ်ချို့ ကြော်ငြာတွေက မော်ဒယ် သုံးဖို့ မလိုပါဘူး။
ပန်းအိုးနဲ့ခွေးကိုပဲ အရင်ဆုံးပြေးမြင်မိတာပဲ.. ခုနောက်ပိုင်း မြန်မာကြော်ငြာလေးတွေတော့ မဆိုးပါဘူး... ဥပမာ ရေအိုးရွက်လာတဲ့ ကောင်မလေးကို ချစ်သက်လက်ဆောင် ကွေကာထုပ်ပေးတဲ့ ကယ်လ်ဆမ်ကွေကာကြော်ငြာမျိုး.... ကင်းကောင်တို့ကြော်ငြာတဲ့ ငှက်ဖျားကာကွယ်ဆေးကြော်ငြာမျိုးတွေပေါ့..
look this is the "diet" i told you about you should really enter the site :) bye enter the site
သူတို့တွေရဲ့ Creative Idea တွေက အရမ်းကောင်းနေတယ်။
ကိုတိုး
ဒါရိုက်တာသာ လုပ်လိုကပါတော့လား hယ်... ;)
Hello I just entered before I have to leave to the airport, it's been very nice to meet you, if you want here is the site I told you about where I type some stuff and make good money (I work from home): here it is
Post a Comment
<< Home