Tuesday, August 14, 2007

ထူးအိမ်သင် နှစ်ပတ်လည်

ဂီတရဲ့မှော်ဝင်စားသူ ဂီတပညာရှင်တစ်ယောက်ဖြစ်သူ ထူးအိမ်သင် ကွယ်လွန်တာ ၃ နှစ်ပြည့်ပါပြီ..။ အဲဒီအတွက် ကျွန်တော့်သူငယ်ချင်း ကိုဖိုးသားက ကိုပုဂံနတ် ဒီဇိုင်းလေးတစ်ခု လုပ်ပေးပါလို့ ပြောပါတယ်..။ ကျွန်တော်လည်း အမှတ်တရ Wallpaper Design ကလေး မတောက်တခေါက်တတ်တဲ့ ဖိုတိုရှော့ ပညာရပ်နဲ့ ရေးဆွဲရပါတယ်..။ မနေ့ညကပါ..။ တစ်ပုံပဲဆွဲထားဖြစ်ပါတယ်..။ အဲဒီပုံကို www.htooeainthin.com ရဲ့ gallery မှာ တင်ထားလိုက်ပါတယ်..။ မနေ့က ကျွန်တော်နဲ့အတူ ကိုသခင်ကြီးလည်း ဆွဲထားတာလေးတွေ တွေ့ပါတယ်..။ ကိုသခင်ကြီးက ပုံနှစ်ပုံဆွဲပါတယ်..။

ဒါက ကျွန်တော်ဆွဲထားတဲ့ ပုံလေးပါ..။

ဒီအောက်က Wallpaper Design နှစ်ခုကတော့ ကိုသခင်ကြီး ဆွဲထားတဲ့ပုံလေးပါ..။ ကျွန်တော် အရမ်းသဘောကျပါတယ်..။



သုံးထားတဲ့ အရောင်.. စီစဉ်ပြီးဆွဲထားတဲ့ concept .. လုပ်ပြထားတဲ့ Design တွေက ကျွန်တော့်အပေါ် အတော်လေး စွဲဆောင်မှုရှိပါတယ်..။ ကိုသခင်ကြီးရေ..။ Cheers ဗျာ..။ ရေလည် လေးစားတယ်...။

Labels: , , ,

2 Comments:

Blogger . said...

yeah..you all are great!

10:48 AM  
Blogger hnin said...

တကယ်ကို လက်ရာမြောက်ပါတယ်။

5:34 AM  

Post a Comment

<< Home