Sunday, August 05, 2007

ကိုမောင်လှရဲ့ eot ဆက်ထုံး

ကိုမောင်လှရဲ့ Blog ကို ကျွန်တော် ရောက်တတ်ပါတယ်..။ သူ့ cBox မှာ ဘယ်သူတွေ ၀င်ပြောသလဲဆိုတာပါ ကြည့်မိ ဖတ်မိ သတိထားမိပါတယ်..။ villager ဆိုတဲ့ Blogger တစ်ယောက် eot ထည့်ဖို့ နေရာ ရှာမရဖြစ်နေလို့ Declaration လုပ်တဲ့နည်းကို cBox မှာ ကျွန်တော်ပြန်ရေးသွားပါတယ်..။ ဒါပေမယ့် သူအဆင်ပြေပုံမရဘူး..။ ဒီတော့ ကျွန်တော် ကိုမောင်လှဆီက စာကို ပြန်ယူရေးရတော့မယ်..။ (အစ်ကိုရေ.. ညီအစ်ကိုချင်း ကူညီတယ်လို့ပဲ သဘောထားဗျာ.. နော)

Edit HTML ထဲမှာ ကိုမောင်လှလုပ်ထားပေးတဲ့ eot လမ်းကြောင်းနဲ့ သုံးတဲ့ပုံကိုပဲ ကျွန်တော် ပြန်ယူသုံးပါမယ်..။ အောက်မှာ ပေးထားတဲ့ကုဒ်ကို Copy လုပ်ပါ..။
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(
http://maunghla.googlepages.com/ZAWGYIO0.eot);
}
ပြီးရင် Edit HTML ကိုသွားရပါမယ်..။ အဲဒီမှာ အောက်ကပြထားတဲ့ပုံအတိုင်း ထည့်ပါ..။ ပြထားတဲ့ နေရာမှာ ထည့်ရင် ရပါတယ်..။ အပေါ်နားလေးမှာ text/css ဆိုတာလေး ပါပါတယ်..။


တစ်ခု ပြောချင်တာက eot က IE မှာပဲလုပ်တယ်..။ တခြား Browser တွေမှာ အလုပ်မလုပ်ဘူး..။ နောက်ပြီး eot ထည့်ဖို့လည်း သိပ်မလိုတော့ဘူးလို့ ယူစမိတယ်..။ အင်တာနက် သုံးတဲ့သူ မြန်မာတော်တော်များများ Zawgyi-One Install လုပ်ထားပြီးသား ဖြစ်နေလို့ပါ..။ ကျွန်တော့် eot က အလုပ်မလုပ်တော့ပါဘူး..။ ကျွန်တော် ပြန်လည်း ပြင်မထားဘူး..။ ဒီအတိုင်းပဲ ထားထားပါတယ်..။ မလိုဘူးထင်လို့ပါ..။

အခုထည့်ရမယ့် နေရာပြောထားပြီးဖြစ်တဲ့အတွက် အဆင်ပြေနိုင်မယ်လို့ ယူစပါတယ်..။ xml မှာလည်း အလုပ်လုပ်ကြောင်းပါ..။

Labels: , ,

0 Comments:

Post a Comment

<< Home