Monday, August 06, 2007

မြန်မာသူရဲကောင်းတချို့၏ ပုံရိပ်

အနော်ရထာ မင်းစော (၃၇၅-၄၃၀)

ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်းရာ၊ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြှောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓသာသနာတော် ထွန်းကားရေးကို ဆက်လက်အားပေး၍ အမျိုးသား စည်းလုံးညီညွှတ်ရေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။ ဥာဏ်အမျှော်အမြင် ကြီးမားသော မင်းဖြစ်ပြီး တိုင်းတပါးနှင့် ချစ်ကြည်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်ခဲ့သည်။

အလောင်းစည်သူ (၄၅၅-၅၂၉)

နိုင်ငံတော်အတွက် ဆည်မြောင်း ချောင်းကန်တို့ကို ဆည်ဖို့ပြုပြင်ခြင်း၊ အလေးချိန် ငွေကြေး အချင်အတွယ် စသည်တို့ကို တညီတညွတ်တည်းဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ သာသနာတော် စည်ပင်ပြန့်ပွားရေးအတွက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကာ စေတီပုထိုးများ တည်ထားခဲ့သည်။

ဘုရင့်နောင် (၈၇၇-၉၄၃)

ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို အကျယ်ဝန်းဆုံး ဖြန်ကျက်ခဲ့၍ အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်ခဲ့သော စစ်ရေး။ စည်းရုံးရေးနှင့် ရဲစွမ်းသတ္တိပြည့်စုံသည့် စစ်ဘုရင်တစ်ပါးဖြစ်သည်။ နိုင်ငံတော်ကို အရှေ့တောင်အာရှတွင် စစ်အင်အား အခိုင်ခန့်ဆုံး ဖြစ်အောင် ကြိုးစားတည်ထောင်ခဲ့သည်။

သာလွန်မင်းတရားကြီး (၉၄၆-၁၀၀၉)

သာလွန်မင်းသည် နိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေး စနစ်တကျ ရှိစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံး စစ်တမ်းကောက်ယူသော မင်းတစ်ပါးဖြစ်သည်။

အလောင်းမင်းတရားကြီး (၁၀၇၆-၁၁၂၂)

တတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်၍ ကဗျာစာပေများကို ချီးမြှောက်ခဲ့သည်။ မြန်မာ့စစ်အင်အားနှင့် တန်ခိုးသြဇာ ပြန်လည်ကြီးမားလာစေရန် ဆောင်ရွက်ခဲ့သည်။

ဘိုးတော်ဘုရား (၁၁၀၆-၁၁၈၁)

ဘိုးတော်ဘုရားသည် အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံရေး စနစ်ကျစေရန် စစ်တမ်းနှစ်ကြိမ်ကောက်ယူခဲ့သည်။ နိုင်ငံအ၀ှမ်းရှိ ရှေးဟောင်းကျောက်စာများကို စုစောင်းသိမ်းဆည်းခဲ့သည်။ နာမည်ကျော် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းခဲ့သည်။

မဟာဗန္ဓုလ (၁၁၄၄-၁၁၈၆)

အမရပူရခေတ် မြန်မာ့တပ်မတော်၏ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ထင်ရှားကျော်ကြားသော စစ်သေနာပတိချုပ် ဖြစ်သည်။ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲတွင် ဗြိတိသျှတို့၏ နယ်ချဲ့ရန်ကို စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော ဂုဏ်ယူထိုက်သည် အာဇာနည် သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်..။

ကနောင်မင်းသား (၁၁၈၁-၁၂၂၈)

ရတနာပုံခေတ် အိမ်ရှေ့စံမင်းသားကြီး ဖြစ်သည်။ မြန်မာနိုင်ငံ ခေတ်မှီတိုးတက်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သူ ဖြစ်သည်။ စက်မှု လက်မှု ထွန်းကားရန်၊ နိုင်ငံတော်ကာကွယ်ရေး ခေတ်မှီစနစ်ကျရန်နှင့် လက်နက်အင်အား တောင့်တင်းရန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

Labels: , ,

0 Comments:

Post a Comment

<< Home