Friday, April 04, 2008

ဖောင်တိန်

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုက်ဘာကဖေးမှာ ကျွန်တ်ာပုံမှန် ရှိနေတတ်တယ်..။ တစ်ရက်တော့ သူ့ဆိုင်ကို သွားရင် ကင်မရာလေးလည်း ပါသွားတာနဲ့ ရှိနေတဲ့ ဖောင်တိန်နဲ့ ရောင်စုံခဲတံလေးတွေကို ဓါတ်ပုံရိုက်ဖြစ်ပါတယ်..။ ဘာရယ်တော့ မဟုတ်ဘူး.. ကျွန်တော်က အဲဒီလို ပေါက်တီးပေါက်ရှာလေးတွေကို သဘောအတော်လေး ကျပါတယ်..။

ဖောင်တိန်ရဲ့ဘ၀က သူ့ခမျာ မင်ထွက်ပြီးသာရေးလို့ရတယ် မှားလို့ ဖျက်ချင်ရင် သူနဲ့လားလားမှ မဆိုင်တဲ့ မင်ဖျက်ဆေးဆိုတာနဲ့ ပြန်ပေါင်းထုတ်ရတယ်..။ ဒီလိုမှမဟုတ်ရင် ဖျက်ရာ ခြစ်ရာတွေနဲ့ စာရွက်တွေတော့ လှလာမှာ မဟုတ်ဘူးလေ..။

အရောင်တွေကို သဘောကျတာ ငယ်ငယ်က အဖေပန်းချီသင်ပေးတုန်းကပဲ..။ ဒီအသက်အရွယ် ရောက်လာတော့ အရောင်နဲ့ စိတ်တွေရဲ့သဘောကို နည်းနည်းပြန်စဉ်းစားကြည့်တယ်..။ အရောင်တွေ သိပ်တောက်နေရင် စိတ်ဟာ တက်ကြွပြီး ပျော်မွေ့နေတယ်..။ မှိုင်းနေရင် ဖန်တီးသူရဲ့စိတ်က တွေဝေနေတတ်တယ်..။ အရောင်ရဲ့ အရှိန်က လူမှာဟပ်သလို လူရဲ့စိတ်ကိုလည်း အရောင်တွေကနေ ဖွင့်ထုတ်လို့ရတယ်ဆိုတဲ့ သဘောပါ..။

တိကျသေချာတဲ့အနေအထားလောက် မဟုတ်ပေမယ့် ရာခိုင်နှုန်းခပ်များများ မှန်တော့ မှန်နိုင်တယ်လို့ လက်ခံမိတယ်..။

Labels: , ,

1 Comments:

Blogger mgkhant said...

ကောင်းလိုက်တဲ့ပုံ

မောင်ခန့်

7:20 AM  

Post a Comment

<< Home