ရိုးရှင်းသွက်လက် မြန်မာ SMS
GSM ဖုန်းတွေမှာ SMS ကိုမြန်မာဘာသာ အသုံးချပြီး ပို့နိုင်တဲ့ Software နောက်တစ်ခုပါ..။ MySm ပြီးတဲ့နောက်မှာ ပေါ်တဲ့ Software ဖြစ်ပါတယ်..။ Software နာမည် sm3 ဖြစ်ပါတယ်။ အရှည်ကောက်က Simple Myanmar Message ပါ..။ Java ကိုအသုံးချ ရေးထားတဲ့ Software ဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အတွေ့အကြုံရင့် Java Application Developer တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကလေးကနေ တည်ထွင်ထားတာ ဖြစ်ပါတယ်။ အသုံးပြုလိုတဲ့ GSM Phone မှာတော့ Java MIDP2 အနည်းဆုံး Support လုပ်ရပါမယ်..။ ဘာလို့လည်းဆိုတော့ MIDP2 ပေါ်မှာ အခြေခံပြီး ရေးထားတာ ဖြစ်လို့ပါ..။ပို့လာမယ့် Message ကိုဖွင့်ဖတ်ဖို့အတွက် Software ကို အင်တာနက်မှာပဲဖြစ်ဖြစ် နီးစပ်ရာ ဖုန်းဆိုင်တွေမှာပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်တာကို သိရပါတယ်..။ ကုန်ကျစရိတ် မရှိဘဲ လက်ခံအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်တဲ့အတွက် ဒီလိုဖြန့်ချီရခြင်းပါလို့ sm3 အဖွဲ့ဝင် သူငယ်ချင်းလုပ်သူက ပြောပါတယ်..။ အသုံးပြုသူအနေနဲ့ Message ပို့ချင်တယ်ဆိုရင်တော့ Code Activate ကို ၅၅၀၀ကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး တစ်ကြိမ်သာ လုပ်ဖို့ လိုအပ်ပါတယ်..။
မြန်မာစာလက်ကွက်စနစ်ကိုလည်း အလွတ်ကျက်ဖို့ မလိုအောင် လွယ်လွယ်ကူကူ အသုံးချနိုင်ဖို့အတွက် စီမံထားပါတယ်..။ အဲဒီနည်းပညာကို နှစ်နှစ်လောက်သုတေသနပြုလုပ်ထားတာ ဖြစ်ပါတယ်..။ M9 Input System လို့ခေါ်ပါတယ်..။ Register လုပ်ထားတယ်လို့လည်း သိရပါတယ်..။ လက်ရှိ sm3 Center တွေက ရန်ကုန်မြို့၊ ဘုန်းကြီးလမ်းမှာရှိတဲ့ G-Shop၊ မန္တလေး ရတနာပုံဈေး စတုတ္ထထပ်မှာရှိတဲ့ Yadanabon Digitopia၊ မန္တလေး ၇၈ လမ်း ၂၆လမ်း ၂၇ လမ်းကြားမှာရှိတဲ့ Anycall ဖုန်းဆိုင်တို့ဖြစ်ပါတယ်။
sm3 နဲ့ software နဲ့ တွဲသုံးထားတဲ့ မြန်မာစာလက်ကွက်စနစ်က အောက်မှာ ပြထားပါတယ်..။ ဗျည်း၊ သရ ကို တစ်လှည့်စီ ရိုးရှင်းလွယ်ကူစွာနဲ့ အသုံးပြုရိုက်နိုင်အောင် စီမံထားပါတယ်..။


အောက်မှထည့်ရမှာတွေ အောက်လက်ကွက် အပေါ်တင်ရမှာတွေက အပေါ်လက်ကွက် အဲဒီလိုမျိုးတွေပေါ့..။ အဲဒီလိုမှတ်ထားရတဲ့အတွက် ကွန်ပျူတာ မြန်မာစာလက်ကွက်တွေလို အလွတ်ကျက်စရာ sm3 Software ကို Smart Phone တွေမှာလည်း အဆင်ပြေပြေ သုံးလို့ရပါတယ်..။ Sony Ericsson ဖုန်းတွေမှာတော့ အခက်အခဲမရှိ သုံးနိုင်ပါတယ်..။ PDA Phone တွေကို Support မလုပ်ပေးနိုင်သေးသလို Samsung Phone တွေမှာလည်း အလုပ်မလုပ်နိုင်ပါဘူး..။
အောက်မှာပြထားတာတွေက Available ဖြစ်တဲ့ Model တွေဖြစ်ပါတယ်..။
NOKIA
2630 2760 2660 2626 2610 2310
Sony Ericsson
K770 K850 K530 K810 K550 K220 K200 K320 K618 K800 K790 K510 K310
Motorola **
V9 V8 V6 maxx V3 xx V3i V3x V3
BenQ-SIEMENS / SIEMENS **
SF71 SK65
Download sm3 Here
Labels: Myanma, News, Technology


8 Comments:
Crack Version လေး မ ရှိဘူးလား :)
Thz for sharing. I'll try it.
DL လုပ်လိုမရဘူးခင်ဗျာ .. Question IE နဲ့လုပ်လဲ File not found တဲ့ Firefox နဲ့လဲအတူတူပဲခင်ဗျာ..."The file you requested does not exist.It may have been deleted or the URL is incorrect." အဲ့ဒီလိုပဲ ပေါ်တယ်ခင်ဗျာ။ကျနော် copy သေချာလုပ်ပြီးထည့်ပါတယ်။ဘာဖြစ်လိုလဲမသိဘူး ပြန်ကြည့်ပေးပါခင်ဗျာ.... Crying or Very sad Crying or Very sad Crying or Very sad
DL လုပ်လို.မရဘူး corrupt
same;;;;; i also can~t DL
အားလုံးကပြောနေကြပြီ DL လုပ်လို့မရဘူးတဲ့။ကျွန်တော်လည်းအတူတူဘဲ ဘာဖြစ်လို့လဲ
ိDL MA YA BU....:( BAL LO DOWNLOAD YA MA LAE.....
same;;;;; i also can~t DL
Post a Comment
<< Home