Friday, July 13, 2007

Speedup your Firefox Browser

ဟိုနေ့က သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ ငါ့ Firefox Browser ကြီးနှေးနေလို့တဲ့..။ ဒါနဲ့ သူ့ကို လုပ်ပုံလုပ်နည်း ပြောပြဖြစ်လိုက်ပါတယ်..။ အများ သိပြီးဖြစ်ရင်လည်း နှစ်ထပ်ရှိလို့ ပိုမှတ်မိသွားတာပေါ့..။ မသိသေးဘူးဆိုလည်း မှတ်ရသားရ ဖြစ်သွားတာပေါ့လေ..။ ကိုင်း .. စရအောင်..။

ပထမအဆင့် ပုံမှာပြထားတဲ့အတိုင်း Address Bar မှာ about:config လို့ရိုက်ပါ..။


နံပါတ်နှစ်အချက်က အဆင့်သုံးဆင့်လုပ်ရပါမယ်..။

  • ပထမအဆင့်က network.http.pipelining ကို True ပေးပါ။ Double Click လုပ်ရင် ရပါတယ်။
  • ဒုတိယအဆင့် network.http.proxy.pipelining ကို True ပေးပါ..။
  • တတိယအဆင့်က Value ကို ပြင်ရမှာဖြစ်ပါတယ်..။ network.http.pipelining.maxrequests ကို ကိန်းဂဏန်းလေးပေါ်မှာ Double Click လုပ်ပါ..။ box ကလေး တစ်ခု တက်လာပါလိမ့်မယ်..။ အဲဒီမှာ 30 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အောက်မှာ ပုံပြထားပါတယ်..။

အဆင်ပြေပါလိမ့်မယ်..။

Labels: ,

0 Comments:

Post a Comment

<< Home