Monday, October 30, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၂

မှတ်စု



Mademoiselle Pogany

Romanian-born French sculptor Constantin Brancusi chose the egg as the dominant structure for his sculptures. Many of his creations, such as the numerous sculptures he made of Mademoiselle Pogany, share the egg’s smooth, oblong shape and simplicity. Brancusi liked to simplify his subject to its purest and most basic form. He is considered a forerunner of modern abstract sculpture because of his overriding interest in the inner form of his subject rather than its exterior appearance.

ဟာသ
မလုပ်တော့ပါ

တိုက်တန်လျားတစ်ခုသို့ လူသစ်တစ်ယောက် ပြောင်းလာသည်။ ထိုလူသစ်က အေးအေးဆေးဆေးနေသည်။ သို့သော် ထိုသူ့ကို အခြားသော အခန်းဖော်များက အမြဲတမ်း ဒုက္ခတစ်ခုပြီး တစ်ခုပေးသည်။ တန်းလျားကြီးနှင့် နေသည့်အတွက် တစ်ခန်းနှင့် တစ်ခန်း ကပ်နေသည်။ အမျိုးစုံ ဒုက္ခပေးသော်လည်း ထိုလူသည် မည်သို့မျှ မတုံ့ပြန်ဘဲ အေးအေးလူလူနှင့်နေနေသည်။
တစ်ရက်တော့ ဒုက္ခအမျိုးစုံပေးတဲ့သူတွေ ရှက်လာသည်။ သူတို့ လုပ်သမျှကို ခွင့်လွှတ်ဖို့ လူသစ်ကို လာတောင်းပန်သည်။ ထိုသူ ပြောလိုက်သော စကားကြောင့် တောင်းပန်သည့်သူများ နင်သွားသည်။ ဘာပြောသလဲ ဆိုတော့ “ရပါတယ်ဗျာ.. ခင်ဗျားတို့လုပ်တာတွေ ရပ်သွားရင် နောက်ဘယ်တော့မှ ခင်ဗျားတို့ရဲ့ လက်ဖက်ရည်အိုးထဲကို ကျုပ် သေးပေါက်မထည့်တော့ဘူး” တဲ့။

နားမလေးဘူး

နားလေးသူများအတွက် နားကြားကရိယာများ ရောင်းသော ဆိုင်တွင်ဖြစ်သည်။ ထိုဆိုင်တွင် နားကြား ကရိယာများကို ပြင်ပေးသော ၀န်ဆောင်မှု တစ်ခုကိုလည်း ပြုလုပ်ပေးသည်။ တစ်နေ့ အသက်ကြီးကြီး လူကြီးတစ်ယောက် ၀င်လာသည်။ ထို့နောက် အိပ်ထဲမှ နားကြားကရိယာကို ထုတ်ပြီး စားပွဲပေါ်တင်သည်။ ဆိုင်ရှိ အရောင်းစာရေးကလေးက လူကြီးမင်းကို ဘာအကူအညီ ပေးရမလဲ ခင်ဗျာဟုမေးသည်။
လူကြီးက ပြန်မဖြေသေး။ အရောင်းစာရေးလူငယ်ကလေးက သဘောပေါက်သည့်ဟန်ဖြင့် ပြုံးရင်း အသံကို မြှင့်၍ “ကျွန်တော် ဘာများ အကူအညီ ပေးရမလဲ ခင်ဗျာ” ဟုမေးသည်။ သို့တိုင်အောင် လူကြီးသည် တစ်ခုခု ကို ထုတ်ယူဖို့ အသည်းအသန်လုပ်နေသည်။ အရောင်းစာရေး လူငယ်က ထပ်အော်သည်။ “လူကြီးမင်းခင်ဗျာ... ကျွန်တော် ဘာများ အကူအညီပေးရမလဲ”။ လူကြီးသည် စာအုပ်ကလေး တစ်အုပ်ကို ထုတ်ပြီး ဖောင်တိန်နှင့် ရေးပြသည်။
“အာဗြဲကြီးနဲ့ မအော်နဲ့ဟ.. ငါ နားကြားတယ်။ ဒါ ငါ့မိန်းမရဲ့ နားကြားကရိယာ.. ပျက်သွားလို့ လာပြင်တာ... ငါ့လည်ချောင်းခွဲထားလို့ စကားပြောမရဘူးကွ”တဲ့..။

နည်းပညာဆိုင်ရာ မှတ်စု

Sprint Nextel နဲ့ Motorola တို့ဟာ Cell Phone တစ်မျိုးဖြစ်တဲ့ i580 ကို ထုတ်လုပ်လိုက်ပါတယ်။ ရာဘာကိုယ်ထည် ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဖြုတ်လို့ တပ်လို့ရမဲ့ SD Slot တစ်ခု ပါဝင်ပါတယ်။ နောက်ပြီး အခုနောက်ပိုင်း ခေတ်စားလာတဲ့ Blue Tooth Wireless Technology ကိုလည်း ထည့်သွင်းထားပါသေးတယ်။ 1.3 Mega Pixcel ပမာဏ ရိုက်ယူလို့ရတဲ့ ကင်မရာကလေး လည်းပါဝင်ပါတယ်။ LCD Color Screen နဲ့ ဖြစ်ပါတယ်။ GPS စနစ်လည်း ပါဝင်တဲ့အတွက် မိုက်မှာပါ။ HandPhone မကိုင်နိုင်ပေမဲ့ သတင်းကလေးတော့ စုပြီး တင်ပေးထားတာပေါ့ဗျာ။ ၀ယ်ရင်တော့ ဒေါ်လာ ၂၈၀ လောက် ကုန်ကျမယ်လို့ သိရပါတယ်။ ဘာပဲပြောပြော သင့်လျော်တဲ့ ဈေးနှုန်းတော့ ဖြစ်နေပါတယ်။


Optical Drive ထုတ်လုပ်သူတွေ ပြောပြချက်အရ DVD +- RW Burner တစ်ခုရဲ့ သက်တမ်းဟာ အလုပ်လုပ်ချိန် နာရီပေါင်း ငါးသောင်းကနေ ခုနှစ်သောင်းခွဲ အထိသာရှိပါတယ်။ အလုပ်လုပ်ချိန် ဆိုတဲ့ နေရာမှာ Run နေတဲ့ အချိန်ကိုသာမက Standby Mode နဲ့ ထားတဲ့အချိန်တွေကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။ လအနည်းငယ်လောက် သုံးရုံမျှနဲ့ Drive Failure ဖြစ်လာနိုင်ပေမဲ့ အကောင်းဆုံး Drive တွေကတော့ ငါးနှစ် ဒါမှ မဟုတ် အဲ့ဒီထက်ပိုပြီး ကြာကြာ အသုံးခံပါတယ်။ အပူချိန်ဟာ Drive တွေ အတွက် အကြီးမားဆုံး ရန်သူဖြစ်ပါတယ်။ အချိန် မတိုင်ခင် မပျက်စီးရအောင် PC ရဲ့ လေ၀င်လေထွက်ကောင်းဖို့ ပြင်ဆင်သင့်ပါတယ်။

Source : PCWorld

Cache Server ဆိုတာ

ပထမဆုံး စဉ်းစားမိတာ Cache ဆိုတာ ဘာလဲဆိုတာပေါ့။ Computer Terms အရတော့ Cache ဆိုတာ လိုအပ်ရင် ထုတ်ပေးတဲ့ Object တစ်ခု ဒါမှမဟုတ် Request လုပ်ရင် ထုတ်ပေးတဲ့ Data Frame ကလေး တစ်ခုကို အချိန် အတိုင်းအတာ တစ်ခုပေါ်မူတည်ပြီး သိမ်းထားပေးခြင်းပါပဲ။ Cache Server ဆိုတာတော့ Computer အများကြီးကနေ Request လုပ်ထားတဲ့ Data ဒါမှမဟုတ် Information တွေကို သိမ်းဆည်းပေးထားတဲ့ နေရာတစ်ခုပါ။ Computer တစ်လုံးကနေ Request လုပ်လိုက်တဲ့ Data က အဲ့ဒီ Network မှာ ရှိတဲ့ Cache Server ကိုရောက်ပါတယ်။ ရောက်လာတဲ့ Request ကို ပထမဆုံး Server ရဲ့ Cache မှာ ရှိမရှိ ရှာပါတယ်။ တကယ်လို့ Request လုပ်လိုက်တဲ့ Data ဟာ Server ရဲ့ Cache မှာ ရှိခဲ့တယ်ဆိုရင် Request လုပ်တဲ့ Client ဆီကို Reply လုပ်လိုက်ပါတယ်။ Server ရဲ့ Cache မှာ မရှိဘူးဆိုရင်တော့ Internet ပေါ်တက်ပြီး ရှာပါတယ်။ Internet က ရလာတဲ့ Result ကို Cache မှာ သိမ်းပါတယ်။ ပြီးတော့မှာ Request လုပ်တဲ့ Client Computer ဆီကို Reply လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ နောက်ထပ် Client တစ်ခုက ခုနက Request လုပ်တဲ့ Object ကိုပဲ Request ပြန်လုပ်တယ်ဆိုရင် Cache Server က Internet ပေါ်တက်ပြီးမရှာတော့ပဲ သိမ်းထားတဲ့ Request ကိုပဲ Client ဆီကို ပြန်ပို့ပေးပါတယ်။ ဒီအဆင့်တွေကို Forward Web Caching လုပ်တယ်လို့ ခေါ်ပါတယ်။ Cache Server ကို Internet အသုံးများတဲ့ Work place တွေမှာ အသုံးများပါတယ်။ Internet ပေါ်ကို တစ်ခုခြင်းဆီ တက်ရှာနေမဲ့အစား စက်ထဲသိမ်းထားတာကို ထုတ်ပေးတာ ပိုမြန်ပါတယ်။ လျှင်မြန်ချင်တဲ့အတွက် ရည်ရွယ်လို့ သုံးကြတာပါ။ Cache Server တွေမှာ TTL (Time To Live) ဆိုတဲ့ Function တစ်ခု ပါပါတယ်။ TTL ကို မိနစ်နဲ့ သတ်မှတ်ပါတယ်။ TTL ဆိုတာကတော့ Cache Server ထဲမှာ Request လုပ်ထားတဲ့ Information ကို ဘယ်လောက်ကြာကြာ သိမ်းထားမလဲဆိုတာကို သတ်မှတ်တာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အနည်းဆုံး သတ်မှတ်ပေးဖို့ လိုပါမယ်။ Dynamic ဖြစ်နေမဲ့ ဖိုရမ်လို့ Site မျိုးတွေ အတွက်ဆိုရင် အဆင်မပြေပါဘူး။ Update Information ရဖို့အတွက် ချိန်သားကိုက်ပေးရပါတယ်။ ဒီလိုမှ မဟုတ်ရင် အခက် အခဲ ရှိနိုင်ပါတယ်။
(Reverse Web Cacheing အကြောင်းကို နောက်များမှ ဆက်ရေးပါမယ်။)

ချစ်သူအတွက် ရည်စူးမိတဲ့ စာတစ်စ


နေ့ အလင်းမဲ့ ကောင်းကင် မရှိ၊
ည ပြိုးပြက်ခြင်း ကင်းမဲ့ကြယ်မရှိ၊
နေတစ်ဆင်းရဲ့ လင်းဝင်းတောက်မှု့သည် လျော့သည်မရှိ၊
လတစ်ဆင်းရဲ့ ဖြူစင်အေးမြမှုသည် ပြောင်းလဲသည်မရှိ၊
လောက သစ္စာသည် ပျက်ယွင်းသည် မရှိ၊
ရေသည် နိမ့်ရာမှ မြင့်ရာသို့ စီးလေ့ထုံးစံမရှိ၊
ကမ္ဘာမြေဆွဲအား လျော့နည်းသွားသည်ဟု မရှိ၊
ထို့အတူ ကျွန်တော့်ရင်ထဲက ချစ်စိတ်သည် သူမအပေါ် ဘယ်တော့မှ ပြောင်းလဲသွားသည်မရှိ။

ဒီနေ့အတွက် အကြိုက်ဆုံး သီချင်းစာသား

မိုးသောက်ခဲ့ပြီလေ အကြိမ်ကြိမ်ပြန်စဉ်းစား...
တို့နှစ်ယောက်အတိတ်က ပြီးသွားပြီပဲ...
ဒီလိုအချိန်မျိုးမှာ... ဘာကို မျှော်လင့်မလဲ...
အချစ်က အလွမ်းအဆွေးများသာ ထားရစ်ခဲ့...
မြင်ယောင်မိတယ် အတိတ်မျက်ခင်းစိမ်းလေး...
မြင်ယောင်မိတယ်... ဟိုတုန်းက အချစ်အိမ်လေး...
မပြေလည်စဉ် အချိန်ခဏ... ဘာဖြစ်ဖြစ် နှစ်ယောက်အတူတွဲပြီး...
အနာဂတ်လှဖို့ ကြိုးစားခဲ့...။
(လေးဖြူ... အိပ်မက်ကဗျာစီးရီးမှ)

ဒီနေ့အတွက် အကြိုက်ဆုံး စာသား

ချမ်းသာကြွယ်ဝခြင်းဟာ များစွာပိုင်ဆိုင်ခြင်း မဟုတ်ဘူး။ အနည်းငယ်သာ ပိုင်ဆိုင်ခြင်းဖြစ်တယ်။

သဘောကျမိသော ဒီဇိုင်းပုံတစ်ခု


စီးပွားရေးနယ်ပယ် ချဲ့ထွင်ခြင်း

Tata wants to increase economic ties with the United States. That is what David Good’s job is all about. He describes his office as an embassy for Tata Sons in Washington. Mister Good explains Tata’s products and services to American businesses and government officials. He seeks to build trust and understanding. He also advises Tata on American laws and policies and provides information on business conditions.
Mister Good learned the skills he uses every day working for the Department of State and the United States Information Agency. He spent thirty-four years in government before joining Tata.
The Tata Group is made up of ninety-six companies that employ more than two hundred thousand people. Tata operates in more than fifty-four countries. Its companies run hotels, provide engineering services and business advice. They also make cars and steel, among other things.
The group’s yearly sales are about twenty-two thousand million dollars, or almost three percent of India’s total economic productivity.Tata has expanded in the United States mainly by buying ownership shares in other companies. For example, Tata Sons bought thirty percent of a New York-based company that makes Vitaminwater products. Tata also plans major investments in South Africa.

Website အညွှန်း
့http://www.x-raypc.com
(Serve as diagnostic tool to help identify questionable processes on a machine.)

http://www.spycar.org
(To test the behavior-based defenses of an anti-spyware tool.)

1 Comments:

Blogger NA said...

dont miss source where s\did u get!!

4:41 AM  

Post a Comment

<< Home