Friday, November 03, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၅

စာအုပ်ထဲမှ မှတ်စု


CoBrA
တိုက်ရိုက်အဓိပ္ပါယ်ကတော့ မြွေဟောက် ပေါ့။ ထူးခြားတာက စာလုံးသုံးလုံမှာ C,B,A ကိုအကြီးနဲ့ရေးတယ်။ o,r ကို အသေးနဲ့ ရေးတယ်။ မြောက်ပိုင်း ဥရောပါမှာရှိတဲ့ Copenhangen, Brussels, Amsterdam ဆိုတဲ့ မြို့ကြီး သုံးမြို့ရဲ့ အစစာလုံးနာမည်တွေကို ယူလိုက်ပါတယ်။ အဲ့ဒီမြို့ကြီးသုံးမြို့မှာနေတဲ့ ပန်းချီဆရာတွေ တော်တ်ာများများဟာ ဒီအုပ်စုကလေးမှာ ပါပါတယ်။ ၁၉၄၈ ခုနှစ်လောက်တုန်းက ဘယ်လ်ဂျီယံ စာရေးဆရာ Christian Doteremont ဆိုသူဟာ ဒတ်ခ်ျလူမျိုး ပန်းချီဆရာအုပ်စုတစ်စုနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ ပန်းချီဆရာအုပ်စုကို မူလတုန်းက Experimental Group (ဆန်းသစ်တီထွင်သူများ အုပ်စု) လို့ အမည်တပ်ခဲ့ပါတယ်။ ၁၉၅၁ မှာ CoBrA အုပ်စုကို ဖျက်သိမ်းပါတယ်။
CoBrA ပန်းချီစတိုင်က မှတ်သားရတာလွယ်ပါတယ်။ စုတ်ချက်ကြမ်းမယ်။ AB.EX တို့ ART BRUT တို့နဲ့ သဘောချင်းသွားဆင်ပါတယ်။ စစ်ရဲ့ အနိဌာရုံတွေကို ပန်းချီခံစားမှုနဲ့ ဆန့်ကျင်ဖို့ပေါ်ပေါက်လာတယ်လို့ မှတ်သားဖူးပါတယ်။

နည်းပညာဆိုင်ရာ မှတ်စု

Internet Explorer ကစာသားတွေကို ပြုပြင်ချင်ရင် ပြုပြင်လို့ရပါတယ်။ Customize လုပ်တဲ့နည်းလမ်းကတော့ Start Menu ကနေ Run ကိုသွားပါ။ Inbox မှာ gpedit.msc လို့ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။ User Configuration ကိုရွေးပါ။ WindowsSetting ကိုရွေးပါ။ အဲ့ဒီကနေ Explorer Maintanence ကိုရွေးပါ။ Browser User Interface ကိုရွေးပါ။ Browser Title မှာDouble Click လုပ်ပါ။ Customize Title Bar ကို Click လုပ်ပါ။ မိမိစိတ်ကြိုက်စာသားကို ရိုက်ထည့်ပါ။ OK မှာ Click လုပ်ပါ။

(gpedit ကအင်မတန် အန္တရာယ်များပါတယ်။ တော်တော်များများ ပြုလုပ်ကိုင်တွယ်နိုင်ပါတယ်။ System ပဲဖြစ်ဖြစ် User ပဲဖြစ်ဖြစ်ပါ။ Administrator Right ရှိနေမှ အဆင်ပြေပါမယ်။ WindowsXP,2000,2003 မှာ ပြုပြင်လို့ရပါတယ်။)

Optical Disk Technology

Optical Disk ကို Data Storage အတွက်သုံးပါတယ်။ Computer တွေမှာ အသုံးပြုတဲ့ Optical Disc နှစ်မျိုးရှိပါတယ်။ CD (CD-ROM, CD-R, CD-RW) နဲ့ DVD (DVD-ROM, DVD-R, DVD-RW, DVD+R, DVD+RW) တို့ပဲ ဖြစ်ပါတယ်။ Optical Disk တွေကို Data တွေ သိုလှောင်သိမ်းဆည်းဖို့အတွက် ရည်ရွယ်ပြီး အသုံးပြုတာ များပါတယ်။ Entertaintment အတွက် ရည်ရွယ်တာတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော ကွန်ပျူတာနည်းပညာအရတော့ Data Storage and Retreival အနေနဲ့ပဲ သုံးကြတာကို တွေ့ရပါမယ်။

CD ROM, CD-R, CD-RW Technology

1979 မှာ Philips Company နဲ့ Sony Company တို့ပူပေါင်း တီထွင်ခဲ့တာဖြစ်ပါတယ်။ Computer အတွက် ရည်ရွယ်လို့ထုတ်ခဲ့တာ မဟုတ်ပါဘူး။ CD-DA (Compact Disk Digital Audio) ဆိုတဲ့ နာမည်နဲ့ AudioCD တွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ 1983 မှာ Data တွေထည့်သွင်းသိမ်းဆည်းလာပါတယ်။

CD-ROM (Compact Disk - Read Only Memory) ဟာ ဖတ်ရုံသက်သက်ပဲဖြစ်ပါတယ်။ ပြန်ဖျက်ပြီး ပြန်ရေးလို့ မရပါဘူး။ သိမ်းထားတဲ့ အချက်အလက်တွေကို ဖတ်ယူအသုံးချယုံလောက်သာ အသုံးပြုပါတယ်။ CD-R တွေကတော့ Recordable ဖြစ်ပါတယ်။ ကိုယ်သိမ်းချင်တဲ့ အချက်အလက်တွေကို သိမ်းဖို့အတွက် ဖြစ်ပါတယ်။ CD - RW တွေကတော့ CD ပေါ်မှာ ရိုက်ထားတဲ့ အချက်အလက်တွေကို ဖျက်လို့ရတယ်။ ပြီးတော့ ပြန်ရိုက်လို့ရပါတယ်။ Compact Disk ReWritable ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ...?

Optical Disk တွေရဲ့ လုပ်ဆောင်ပုံတွေဟာ ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ CD တွေကို Polycarbonate Plastic နဲ့ ပြုလုပ်ထားပါတယ်။ အချင်း 120 mm, အထူ 1.2 mm, အလည်မှာ 15 mm အပေါက် တစ်ခုပါဝင်ပါတယ်။ CD ပြားတွေဟာ Hard Disk Platter တွေနဲ့ ဆင်ဆင်တူပါတယ်။ Platter တွေက ဗဟိုတူ စက်ဝိုင်းပုံ Track တွေပါရှိပြီး CD တွေမှာတော့ အတွင်းကနေ အပြင်ထွက်သွားတဲ့ ခရုပတ်လမ်း ပုံစံ ဖြစ်ပါတယ်။

CD ပြားတစ်ခုကို ကန့်လန့်ဖြတ်ကြည့်ရင် အလယ်မှာ အလင်းပြန်နိုင်တဲ့ Aluminium Layer, အပေါ်က Lacquer Layer, အောက်က Plastic Layer တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့နိုင်ပါတယ်။(ဆက်ရန်)

ဟာသ

မဆစ်ရင် မနေနိုင်တာက လွဲလို့
နားသိပ်မကောင်းသော အမျိုးသမီးကြီးတစ်ယောက် ပန်းချီကားဝယ်ရန် ဆိုင်သို့သွားသည်။ ပန်းချီကားများကို လှည့်ပတ်ကြည့်သည်။ သူကြိုက်သော ပန်းချီကားတစ်ခုကို တွေ့သည်။ ဈေးနှုန်းကပ်မထား။ အဲ့ဒါကြောင့် ဆိုင်မှာရှိတဲ့ အရောင်းစာရေး တစ်ယောက်ကို ခေါ်မေးတယ်။
“ဒီပန်းချီကား ဘယ်လောက်လဲ”
“၁၀၀၀ ပါခင်ဗျာ”
“ဘာ.. နှစ်ထောင်...ဟုတ်လား... များတယ်... ၁၇၀၀ ထား”
“ကျွန်တော်ပြောတာ တစ်ထောင်လို့ ပြောတာပါခင်ဗျာ”
“ဒါဆို ၇၀၀ ထားအေ.. ”

နှစ်သက်မိသော ဒီဇိုင်းပုံတစ်ခု


ဒီနေ့ အကြိုက်ဆုံးစကား

ဟိုဘက်ကမ်းက မီး ဘယ်လောက် လင်းတယ် မလင်းဘူး သိချင်တယ်ဆိုရင် ကိုယ့်ဘက်ကမ်းက မီးကို မှိတ်ပြစ်ရတယ်။

ဒီနေ့အကြိုက်ဆုံး သီချင်းစာသား

သုညဘ၀ကစလို့ အဖေရုန်းကန် မြှင့်တင်ပေးခဲ့...
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားရဲ့...
ဖြေရှင်းတိုက်ခိုက်ခဲ့တဲ့ အဖေ့ရဲ့ သတ္တိမျိုးကျွန်တော် ရှိချင်တယ်အဖေ...
အဖေထွန်းညှိခဲ့တဲ့ အမှောင်ကို ခွင်းမဲ့ လမ်းပြမီးနဲ့...
အဖေအိပ်မက်ခဲ့တဲ့ အနာဂါတ်လောကအကျိုးသယ်ပိုးမယ်...
ကျွန်တော့်ကိုယ်ထဲမှာလှည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ် အဖေ...

(လေးဖြူ... လိပ်ပြာစီးရီးစ်မှ ... အဖေ)

ချစ်သူအတွက် ရည်စူးမိတဲ့စာတစ်စ

ချစ်သူရေ...
အိပ်မက်ကို စွန့်ခွါ..
အတိတ်ခါးခါးကို အရောင်စိုးလို့
ချစ်ရောင်စုံတိမ်ပွင့်ကြားမှာ
ရွှေရောင်နေခြည်သန်းခဲ့ပေါ့...
တမ်းတရင် နွမ်းလျတဲ့ဒီလူအတွက်တော့..
အရမ်းလှတဲ့ ကိုယ့်ချစ်သူကို ချစ်နေခဲ့မိတယ်...။

ညဏ်စမ်း

အဖြေ - လှေခါးကို တစ်ထစ်ပဲ တက်ရသေးလို့ ဖြစ်ပါတယ်။

အမေး - ဥအလုံးအရည်အတွက် နှစ်သောင်းလောက်ကို တစ်ခါတည်းနဲ့ ကုန်အောင်စားနိုင်ပါ့မလား..?

Web-site အညွှန်း

http://www.howstuffworks.com
(how * work)
http://imageshack.us
(image hosting)

2 Comments:

Blogger Nay Nay Naing said...

ငါးဥဆို စားနိုင်တာပေါ့။ ပြောရင်းဆိုရင်း ငသလောက်ဥကျော် စားချင်လာတယ်။ မစားရတာကြာပြီ။

5:30 PM  
Blogger BaganNat said...

နေနေနိုင်ပြောတာ မှန်ပါတယ်ခင်ဗျာ။

10:39 PM  

Post a Comment

<< Home