Friday, June 22, 2007

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၈

စာအုပ်ထဲမှ မှတ်စု

မျက်မှောက်ခေတ် ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်အရ မက်စ်ဝါဒဟာ အဆိုမှန်လေးချက်အပေါ်မှာ အခြေခံတယ်လို့ ဆိုတယ်..။ (၁) လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုဟာ သဘာဝတရားရဲ့ ရွှေ့လျားမှုဆိုင်ရာ နိယာမအတိုင်း လိုက်နာတယ်..။ (၂) အဲဒီနိယာမတွေဟာ စီးပွားရေးလက္ခဏာဆောင်ပြီး လူ့အဖွဲ့အစည်းတွေကို ပုံဖော်တယ်..။ (၃) အဲဒီနိယာမတွေဟာ လူ့အဖွဲ့အစည်းကို သမိုင်းနိဂုံးရောက်တဲ့အထိ ပြောင်းလဲမှုမရှိဘဲ ရှေ့ဆောင်သွားမယ်..။ (၄) ရှည်ကြာတဲ့ လူတန်းစား တိုက်ပွဲတွေရဲ့ အလွန် သမိုင်းနိဂုံး အရောက်မှာ လူတန်းစားကွဲပြားမှုနဲ့ နိုင်ငံတော် ဆိုတာပါ ပျောက်သွားပြီးတော့ မြေကြီးပေါ်မှာ လောက နိဗ္ဗာန်ကို ထူထောင်သွားနိုင်မယ်..။ အဲဒီလေးချက် ဖြစ်တယ်..။

နည်းပညာမှတ်စု

ဒီနေ့ ဈေးကွက်မှာ DVD-R/ +R/ -RW/ +RW အဲဒါတွေ ရှိတယ်..။ ဘာတွေကွာလဲ..။ ဘယ်လိုလဲ..။ အိုကေ.. အဲဒီလေးမျိုးထဲမှာ အုပ်စုနှစ်ခု ခွဲကြည့်မယ်..။ တစ်စုက DVD R နဲ့ RW နောက်တစ်စုက - နဲ့ + ပေါ့..။ ပထမ တစ်စုကဟာက ရှင်းတယ်..။ R ဆိုတာ recordable ကို ရည်ညွှန်းတာ..။ တစ်ခါတည်း ရိုက်လို့ရတယ်..။ RW က ReWritable ကို ညွှန်းတယ်..။ ရိုက်လိုက် ဖျက်လိုက် လုပ်လို့ရတာကို ညွှန်းတယ်..။

ဒုတိယ တစ်စုဖြစ်တဲ့ + နဲ့ - က DVD နည်းပညာကို ဆိုလိုတာပါ..။ DVD -R/RW တွေကို Pioneer နဲ့ Apple တို့ရဲ့ နည်းပညာအနေနဲ့ သုံးပါတယ်..။ Disc တွေရဲ့ မျက်နှာပြင်တစ်ဖက်မှာပဲ အချက်အလက်တွေကို ရေးနိုင်ပါတယ်..။ layer တစ်လွှာပဲရှိပါတယ်..။ DVD + R/RW တွေကို Philip, Dell, Sony, HP နဲ့ Microsoft တို့ရဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်..။ အဲဒီနည်းပညာကတော့ မျက်နှာပြင်တစ်ဖက်တည်းမှာ အချက်အလက်တွေကို layer တွေအထပ်ထပ်အနေနဲ့ ထည့်သွင်းရေးသားနိုင်တဲ့ နည်းပညာဖြစ်ပါတယ်..။ အခုအတော်လေးကို ခေတ်စားနေတဲ့ DVD ၈ ခွေတွဲတွေ ဘာတွေဟာ အဲဒီနည်းပညာကို သုံးပါတယ်..။ (ဆက်ရန်)

ဟာသ

ဆပ်လို့ရယ်တဲ့ မကုန်

သားလုပ်တဲ့သူက ဖအေကို မေးတယ်..။
“အဖေ.. မိန်းမတစ်ယောက်ရဖို့ ဘယ်လောက်ကုန်ကျသလဲတဲ့..။

ဖအေလုပ်သူ ခဏတွေသွားပြီး စိတ်ပျက်လက်ပျက် လေသံနဲ့ပြောတယ်..
“မပြောတတ်ပါဘူးကွာ.. အဖေတော့ အခုထိ ပေးဆပ်နေရတုန်းပါပဲတဲ့…”

ရောင်းတဲ့နေရာမသိလို့

တစ်ည၊ သူအိမ်ပြန်အရောက်တွင် အိမ်ထောင်သက် တစ်နှစ်ပြည့် အထိန်းအမှတ်အဖြစ် စိန်လည်တုံတစ်ကုံးကို မိန်းမအား ထုတ်ပေးသည်။ မိန်းမလုပ်သူက ယောက်ျားကို ပြောတယ်..။

“လှတယ်နော်မောင်.. ဒါနဲ့ ကျွန်မပြောထားတာ မာစီဒီးကား မဟုတ်လား”

ယောက်ျားလုပ်တဲ့သူ ပြန်ဖြေတယ်..။

“ဟုတ်တယ်..၊ ဒါပေမယ့် မာစီဒီးကားအတု ဘယ်မှာဝယ်ရမှန်းမသိဘူးကွ” တဲ့..။

ရေးမိတဲ့ကဗျာတစ်စ

လွမ်းဖို့ ဆွေးဖို့
ချစ်တာ မဟုတ်ပေမယ့်

ချစ်မိလို့
လွမ်းနေ ဆွေးနေရတယ်..။

ဒီတစ်ပတ် အကြိုက်ဆုံးစကား

လက်အိပ်စွပ်ထားတဲ့ကြောင်က ကြွက်ဖမ်းလို့မရဘူး..။

ဥာဏ်စမ်း

YYURYYUBICURYY4ME

ကဲ..။ အဲဒါ ဘာလဲဆိုတာ ဖော်ကြပေတော့ဗျို့..။

0 Comments:

Post a Comment

<< Home