Monday, November 06, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၆

နည်းပညာဆိုင်ရာ မှတ်စု

Token Passing

Token Passing Network မှာပုံစံနှစ်မျိုးနဲ့သွားတယ်။ Token တစ်ခုဟာ ချိတ်ဆက်ထားတဲ့ Network တစ်လျှောက်လုံး လှည့်ပတ်သွားလာနေတယ်။ Data ပို့လွှတ်ချင်တဲ့ Computer က Token ကိုသူ့ဆီဖြတ်အသွားမှာ လှမ်းယူလိုက်တယ်။ (ကြိုတင်ပြောထားဖို့ တစ်ခု လိုလာပါတယ်။ သင်ဟာ Network ကို အစိမ်းသက်သက်ဖြစ်နေမယ်ဆိုရင် Token Passing Technology အကြောင်းကို သိဖို့မလွယ်သေးဘူးဆိုတာ ပြောပါရစေ။ အများအားဖြင့် Computer Network မှာ Logically အနေနဲ့ ရေးသားသုံးနှုန်းတာတွေ ရှိပါတယ်။ အပြင်မှာ မျက်စေ့နဲ့မမြင်နိုင်သလို လက်နဲ့လည်း ထိတွေ့ကိုင်တွယ်လို့ မရပါဘူး။ အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင် Token ကို ကျွန်တော်တို့ 1 နဲ့ 0 Signal အုပ်စုကလေးတစ်ခုအနေနဲ့ မြင်ကြည့်ရအောင်။ Token တစ်ခုမှာ 01111 ဆိုတဲ့ Signal ဖြစ်တယ်ဆိုရင် အဲ့ဒီ Token ကို Free Token လို့ သတ်မှတ်ပါ။ 1 ဆိုရင် Data Line ပေါ်မှာ Signal တစ်ခုဖြတ်စီးတာ။ 0 ဆိုရင် Signal မစီးတဲ့ Timing တစ်ခုလို့ မှတ်ထားနိုင်ပါတယ်။ တကယ်လို့ 11111 ဆိုရင် အဲ့ဒီ Token ဟာ Busy ဖြစ်နေတယ်လို့ နားလည်ထားရပါမယ်။)

နောက်တော့ ၀င်လာတဲ့ Signal ကို စစ်ပါတယ်။ Busy ဖြစ်မဖြစ်ကို စစ်ဆေးပါတယ်။ တကယ်လို့ Busy ဖြစ်တယ်ဆိုရင် သူ့ကို သက်ဆိုင်ရာ Workstation တစ်ခုဆီကို Pass လုပ်ပေးလိုက်ပါတယ်။ Busy ဖြစ်နေတာ မဟုတ်ဘူးဆိုရင် Token ရဲ့ Header ကို Busy Token အဖြစ် ပြောင်းပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာ Workstation နဲ့ ချိတ်ဆက်ပါတယ်။ Ring Network (Ring Topology) မှာ အဲ့ဒီနည်းပညာကို အသုံးပြုပါတယ်။

CD Technology (Continued)

Reflective Aluminum

Data ထည့်သွင်းထားတဲ့ CD တစ်ချပ်ရဲ့ အလင်းပြန်နိုင်တဲ့ Aluminum မျက်နှာစာမှာ Information တွေကို ကိုယ်စားပြုတဲ့ သန်းပေါင်းများစွာပါဝင်တဲ့ Pit တွေနဲ့ Land တွေပါဝင်ပါတယ်။ CD Drive ကနေလာတဲ့ Laser ဟာ Lands ပေါ်ကျရင် ပြန်တဲ့ အလင်းတန်းက တစ်မျိုး Pits ပေါ်ကျရင် ပြန်တဲ့အလင်းက တစ်မျိုးစီဖြစ်ပါတယ်။ အလင်းပြန်ပုံကွဲပြား ခြားနားမှုပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ Data တွေကိုဖတ်ယူပါတယ်။

CD ကနေလာတဲ့ Laser အလင်းတန်းဟာ CD ရဲ့မျက်နှာပြင်ကို ထိရိုက်စေချင်းဖြင့် အလင်းပြန်စေပါတယ်။ Disc မျက်နှာပြင်ပေါ်မှာရှိတဲ့ Land ကို ထိမိခဲ့ရင် အလင်းတန်းဟာ Photo detector ပုံစံမပြောင်းဘဲ ဒီအတိုင်းပြန်ပါတယ်။ Pit ကိုထိမိတဲ့အလင်းဟာ ဖြာထွက်ပြီး အများစုဟာ Photo Detector ပေါ်ကို တိုက်ရိုက်မရောက်ဘဲ အလင်းအားလျော့သွားပါတယ်။ Sensor ဟာ Photo Detector ပေါ်ကိုရောက်လာတဲ့ အလင်းအားကို ဖတ်ရှုပြီးတော့ Digital Signal 1 နဲ့ 0 တွေအနေနဲ့ပြောင်းလဲပေးပါတယ်။

Plastic Coating

အောက်ဆုံး Layer ဖြစ်ပါတယ်။ Prospective Layer လို့လည်းခေါ်ပါတယ်။ အဲ့ဒီအလွှာကို နက်နက်နဲနဲ့ခြစ်ယူတာမဟုတ်ဘဲ အပေါ်ယံခြစ်မိယုံလောက်နဲ့ Data တွေမပျောက်ပျက်သွား နိုင်ပါဘူး။ Laser Beam ရဲ့ အလင်းပြန်မှုကို လမ်းကြောင်းလွဲသွားစေနိုင်လောက်ရင် Aluminum အလွှာမှာ သိမ်းထားတဲ့ အချက်အလက်တွေကို အမှန်အတိုင်း လက်ခံရယူနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ထစ်တာတွေ ဖတ်မရတာတွေဖြစ်လာပါတယ်။

(DVD Technology will be continue)

စာအုပ်ထဲမှ မှတ်စု

Body Art

ခန္ဓာကိုယ် အနုပညာဖြစ်ပါတယ်။ ပန်းချီအနုပညာရှင်ဟာ သစ်သား၊ ကင်းဗတ်စ၊ ဆေးများကို အသုံးမချဘဲ သူ့ရဲ့ကိုယ်ခန္ဓာကို အသုံးချပြီးပြုလုပ်သွားတာမျိုးကို ခေါ်ပါတယ်။ 1960 ခုနှစ်တွေကနေ 1970 ခုနှစ်လောက်အထိ ထင်ရှားခဲ့ပါတယ်။ အမေရိကန်၊ ဥရောပ၊ သြစတေးလျ နိုင်ငံတွေမှာ ထွန်းကားခဲ့တဲ့ အနုပညာပုံစံဖြစ်ပါတယ်။ ပုံသေ သတ်မှတ်ချက် မရှိပါဘူး။ ခင်းကျင်းပြသတာရှိသလို သီးသန့်ပြသတာတွေလည်း ရှိပါတယ်။ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြသရတာအကုန်လုံး တူပါတယ်။ အီတလီ ပန်းချီဆရာမ Linda Montano နဲ့ ပန်းချီဆရာ Tom Marioni တို့ဟာ လက်ချင်းတွဲ လက်ထိပ်ခတ်ပြီး ကုလားထိုင်ပေါ်မှာ သုံးရက်ကြာထိုင်ပြဖူးတယ်။ အင်္ဂလန်က Chris Burden ဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြတယ်။ ပန်းချီဆရာမ Gina Pane က သူမရဲ့ ကိုယ်ခန္ဓာပေါ်မှာ ဒါးနဲ့လှီးပြီး အကွက်အဆင်တွေ ပုံဖော်ပြခဲ့ဖူးတယ်။ အစွန်းရောက်တယ်။ (လွန်တယ်လို့ထင်မိတယ်။ သူတို့မို့လို့ အဲ့လိုပေါက်ကရ လုပ်နေကြတယ်။ ဒီမှာဆိုရင်တော့ အရူးလို့ ပြောကြမလားပဲ။ စာရေးသူ) စောစောပိုင်း Dadaism တွေ ဆံပင်ရိတ်ပြီး ကြယ်ပုံဖော်တာတွေက ဒါတွေနဲ့ ဆက်စပ်နေပါတယ်။ လိင်မှုကိစ္စ၊ ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်း၊ မူးယစ်ဆေးဝါးတွေကို ဝေဖန်ချင်လို့ တင်ဆက်ကြတယ်။

ချစ်သူအတွက် ရည်စူးမိတဲ့ စာတစ်စ

သူ့အလှ မီးပန်းဆိုင်းလို့ ခမ်းနားထည်ဝါတယ်…
ကိုယ့်ဘ၀က ကညင်ဆီမီးခွက်ကလေးလို နုံချာတယ်..။

သူက ပင်မြင့်ထိပ်မြင့်ထက်မှာပေါက်တဲ့ တော်ဝင်သဇင်…
ကိုယ်က လမ်းဘေးမှာ ၀ါရော်နေခဲ့တဲ့ မြေစာမြက်…။

သူ့ဘ၀က နောက်ဆုံးပေါ် ရှော့ပင်းမောကြီးလို့ပြည့်စုံတယ်…
ကိုယ့်ဘ၀က ဆင်းရဲသားရက်ကွက်က အိမ်ဆိုင်ကလေးတစ်ဆိုင်လို ယိုင်နဲ့နဲ့…။

ကိုယ့်ဘ၀က ပန်းနွယ်တွေခွေထားတဲ့ ခြံတံခါးကလေးလို
အမြဲဖွင့်ထားတယ်…သူ့ဘ၀က မီးခတ်ထားတဲ့ ကနုတ်ပန်းတံခါးကြီလို
အမြဲပိတ်ထားတယ်…။

မြို့လည်ခေါင် ကြယ်ငါးပွင့် ဟိုတယ်ကြီးက
ဆင်ခြေဖုန်းရက်ကွက်ကလေးကို မေ့သွားသလို…
ကိုယ့်ကိုလည်း သူမေ့သွားခဲ့တယ်…။

ချစ်သူရေ…
ကဗျာလေးကို မျက်ရည်စနဲ့ ရေးခဲ့မိပါတယ်…။
ကိုယ့်ရဲ့ဝမ်းနည်းမှတ်တမ်းမှာ ချစ်သူနဲ့ပတ်သတ်လို့
စာမျက်နှာ မဖွင့်ပါရစေနဲ့ကွယ်…။
ရှင်သန်ခွင့်ရှိသလောက် မျှော်လင့်နေချင်တယ်။

ဟာသ

ရှေ့နေရမယ်

ရှေ့နေများ စုပေါင်းရုံးခန်းတစ်ခုရှေ့မှ ဆိုင်းဘုတ်တစ်ခုတွင် ရေးထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆန္ဒရှိလျှင် နည်းလမ်းရှိ၏။
နည်းလမ်းရှိလျှင် ဥပဒေရှိ၏။
ဥပဒေရှိလျှင် စည်းကမ်းရှိ၏။
စည်းကမ်းရှိလျှင် ဟာကွက် သို့မဟုတ် ထွက်ပေါက်ရှိ၏။
ဟာကွက်နှင့် ထွက်ပေါက်ရှိလျှင် ရှေ့နေရှိ၏။
ကျွန်တော် မောင်ရမ်းနှင့် မောင်လှုတို့သည် ရှေ့နေများဖြစ်ကြသည်။

(ပထမတော့ နာမည်မတပ်ဘဲ xxx လို့ရေးမလို့ မကောင်းတတ်တာနဲ့ ဆရာသမား အကျော်ဒေးယျတွေရဲ့ နာမည်ကို ခွင့်မတောင်းဘဲ ယူသုံးလိုက်တယ်။ အဟီး… ခွင့်လွှတ်ပါခညာ)

အနည်းဆုံးခြောက်လ

နှုတ်ခမ်းမွှေးရေးရေးမျှပေါက်နေသော ဆယ်ကျော်သက်ကလေး တစ်ယောက် ဆံပင်ညှပ်ဆိုင် အတွင်းသို့ ဒရောသောပါးဝင်လာသည်။ ထိုင်စောင့်နေသူတွေကိုကြည့်ပြီး မျက်မှောင်ကုပ်သွားသည်။ ဆံသဆရာအား အာဏာသံပါပါ ဂျစ်ကန်ကန်အသံဖြင့်
“နှုတ်ခမ်းမွှေးရိတ်ဖို့ ဘယ်လောက်ကြာကြာ ကျုပ်က စောင့်ရဦးမှာလဲ”
ဆံသဆရာသည် သူ့နှုတ်ခမ်းမွှေးကို ကြည့်ပြီး ပြန်ဖြေလိုက်သည်မှာ
“ဒီပုံစံအတိုင်းဆို အနည်းဆုံးခြောက်လလောက် စောင့်ရမယ် ထင်တာပဲကွ”

နှစ်သက်မိသော သီချင်းစာသား

ကြယ်တွေစုံတဲ့ည
ကိုယ့်အိပ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည
ဘ၀မျှော်လင့်ချင်းရယ်
ရင်ခုံသံနဲ့ထုဆစ်ထားတဲ့ သီးချင်းတွေလည်း
ရင်တွေကွဲသွားအောင်
ဆိုနေဦးမယ်…
(ထူးအိမ်သင်… ချစ်ခြင်းအားဖြင့် စီးရီးစ်မှ ကြယ်တွေစုံတဲ့ည)

ညဏ်စမ်း

အဖြေ - ငါးဥ ဆိုရင်တော့ စားနိုင်ပါတယ်။

အမေး - လူငါးယောက်ကို ပန်းသီးငါးလုံးဝေပါ။ လူငါးယောက်ကို ဝေပြီးတဲ့အချိန်မှာ ပန်းသီးတစ်လုံးက ခြင်းထဲမှာ ရှိနေရပါမယ်။

ဒီနေ့အကြိုက်ဆုံးစကား

အကြံညဏ်ပေးတယ်ဆိုတာ အမိန့်ပေးတာမဟုတ်ဘူး။

Web-Site အညွန်း

http://www.pctechguides.com/
http://www.theittutorials.com/
http://www.ittoolbox.com/
(ကျွန်တော်က Hardware နဲ့ Network ကိုစိတ်ဝင်စားတယ်။ Computer Graphic Design ကိုလည်း ထိုက်သင့်သည့်အလျောက် စိတ်ဝင်စားတယ်။ အဲ့ဒီတော့ ကျွန်တော် ညွှန်းပေးတဲ့ Web-site ကလေးတွေက အဲ့ဒါလေးတွေနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာကလေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီဝဘ်ဆိုက်ကလေးကို တွေ့တာ သိပ်မကြာသေးပါဘူး။ ကောင်းပါတယ်။)

Friday, November 03, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၅

စာအုပ်ထဲမှ မှတ်စု


CoBrA
တိုက်ရိုက်အဓိပ္ပါယ်ကတော့ မြွေဟောက် ပေါ့။ ထူးခြားတာက စာလုံးသုံးလုံမှာ C,B,A ကိုအကြီးနဲ့ရေးတယ်။ o,r ကို အသေးနဲ့ ရေးတယ်။ မြောက်ပိုင်း ဥရောပါမှာရှိတဲ့ Copenhangen, Brussels, Amsterdam ဆိုတဲ့ မြို့ကြီး သုံးမြို့ရဲ့ အစစာလုံးနာမည်တွေကို ယူလိုက်ပါတယ်။ အဲ့ဒီမြို့ကြီးသုံးမြို့မှာနေတဲ့ ပန်းချီဆရာတွေ တော်တ်ာများများဟာ ဒီအုပ်စုကလေးမှာ ပါပါတယ်။ ၁၉၄၈ ခုနှစ်လောက်တုန်းက ဘယ်လ်ဂျီယံ စာရေးဆရာ Christian Doteremont ဆိုသူဟာ ဒတ်ခ်ျလူမျိုး ပန်းချီဆရာအုပ်စုတစ်စုနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ အဲ့ဒီ ပန်းချီဆရာအုပ်စုကို မူလတုန်းက Experimental Group (ဆန်းသစ်တီထွင်သူများ အုပ်စု) လို့ အမည်တပ်ခဲ့ပါတယ်။ ၁၉၅၁ မှာ CoBrA အုပ်စုကို ဖျက်သိမ်းပါတယ်။
CoBrA ပန်းချီစတိုင်က မှတ်သားရတာလွယ်ပါတယ်။ စုတ်ချက်ကြမ်းမယ်။ AB.EX တို့ ART BRUT တို့နဲ့ သဘောချင်းသွားဆင်ပါတယ်။ စစ်ရဲ့ အနိဌာရုံတွေကို ပန်းချီခံစားမှုနဲ့ ဆန့်ကျင်ဖို့ပေါ်ပေါက်လာတယ်လို့ မှတ်သားဖူးပါတယ်။

နည်းပညာဆိုင်ရာ မှတ်စု

Internet Explorer ကစာသားတွေကို ပြုပြင်ချင်ရင် ပြုပြင်လို့ရပါတယ်။ Customize လုပ်တဲ့နည်းလမ်းကတော့ Start Menu ကနေ Run ကိုသွားပါ။ Inbox မှာ gpedit.msc လို့ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။ User Configuration ကိုရွေးပါ။ WindowsSetting ကိုရွေးပါ။ အဲ့ဒီကနေ Explorer Maintanence ကိုရွေးပါ။ Browser User Interface ကိုရွေးပါ။ Browser Title မှာDouble Click လုပ်ပါ။ Customize Title Bar ကို Click လုပ်ပါ။ မိမိစိတ်ကြိုက်စာသားကို ရိုက်ထည့်ပါ။ OK မှာ Click လုပ်ပါ။

(gpedit ကအင်မတန် အန္တရာယ်များပါတယ်။ တော်တော်များများ ပြုလုပ်ကိုင်တွယ်နိုင်ပါတယ်။ System ပဲဖြစ်ဖြစ် User ပဲဖြစ်ဖြစ်ပါ။ Administrator Right ရှိနေမှ အဆင်ပြေပါမယ်။ WindowsXP,2000,2003 မှာ ပြုပြင်လို့ရပါတယ်။)

Optical Disk Technology

Optical Disk ကို Data Storage အတွက်သုံးပါတယ်။ Computer တွေမှာ အသုံးပြုတဲ့ Optical Disc နှစ်မျိုးရှိပါတယ်။ CD (CD-ROM, CD-R, CD-RW) နဲ့ DVD (DVD-ROM, DVD-R, DVD-RW, DVD+R, DVD+RW) တို့ပဲ ဖြစ်ပါတယ်။ Optical Disk တွေကို Data တွေ သိုလှောင်သိမ်းဆည်းဖို့အတွက် ရည်ရွယ်ပြီး အသုံးပြုတာ များပါတယ်။ Entertaintment အတွက် ရည်ရွယ်တာတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော ကွန်ပျူတာနည်းပညာအရတော့ Data Storage and Retreival အနေနဲ့ပဲ သုံးကြတာကို တွေ့ရပါမယ်။

CD ROM, CD-R, CD-RW Technology

1979 မှာ Philips Company နဲ့ Sony Company တို့ပူပေါင်း တီထွင်ခဲ့တာဖြစ်ပါတယ်။ Computer အတွက် ရည်ရွယ်လို့ထုတ်ခဲ့တာ မဟုတ်ပါဘူး။ CD-DA (Compact Disk Digital Audio) ဆိုတဲ့ နာမည်နဲ့ AudioCD တွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ 1983 မှာ Data တွေထည့်သွင်းသိမ်းဆည်းလာပါတယ်။

CD-ROM (Compact Disk - Read Only Memory) ဟာ ဖတ်ရုံသက်သက်ပဲဖြစ်ပါတယ်။ ပြန်ဖျက်ပြီး ပြန်ရေးလို့ မရပါဘူး။ သိမ်းထားတဲ့ အချက်အလက်တွေကို ဖတ်ယူအသုံးချယုံလောက်သာ အသုံးပြုပါတယ်။ CD-R တွေကတော့ Recordable ဖြစ်ပါတယ်။ ကိုယ်သိမ်းချင်တဲ့ အချက်အလက်တွေကို သိမ်းဖို့အတွက် ဖြစ်ပါတယ်။ CD - RW တွေကတော့ CD ပေါ်မှာ ရိုက်ထားတဲ့ အချက်အလက်တွေကို ဖျက်လို့ရတယ်။ ပြီးတော့ ပြန်ရိုက်လို့ရပါတယ်။ Compact Disk ReWritable ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ...?

Optical Disk တွေရဲ့ လုပ်ဆောင်ပုံတွေဟာ ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ CD တွေကို Polycarbonate Plastic နဲ့ ပြုလုပ်ထားပါတယ်။ အချင်း 120 mm, အထူ 1.2 mm, အလည်မှာ 15 mm အပေါက် တစ်ခုပါဝင်ပါတယ်။ CD ပြားတွေဟာ Hard Disk Platter တွေနဲ့ ဆင်ဆင်တူပါတယ်။ Platter တွေက ဗဟိုတူ စက်ဝိုင်းပုံ Track တွေပါရှိပြီး CD တွေမှာတော့ အတွင်းကနေ အပြင်ထွက်သွားတဲ့ ခရုပတ်လမ်း ပုံစံ ဖြစ်ပါတယ်။

CD ပြားတစ်ခုကို ကန့်လန့်ဖြတ်ကြည့်ရင် အလယ်မှာ အလင်းပြန်နိုင်တဲ့ Aluminium Layer, အပေါ်က Lacquer Layer, အောက်က Plastic Layer တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့နိုင်ပါတယ်။(ဆက်ရန်)

ဟာသ

မဆစ်ရင် မနေနိုင်တာက လွဲလို့
နားသိပ်မကောင်းသော အမျိုးသမီးကြီးတစ်ယောက် ပန်းချီကားဝယ်ရန် ဆိုင်သို့သွားသည်။ ပန်းချီကားများကို လှည့်ပတ်ကြည့်သည်။ သူကြိုက်သော ပန်းချီကားတစ်ခုကို တွေ့သည်။ ဈေးနှုန်းကပ်မထား။ အဲ့ဒါကြောင့် ဆိုင်မှာရှိတဲ့ အရောင်းစာရေး တစ်ယောက်ကို ခေါ်မေးတယ်။
“ဒီပန်းချီကား ဘယ်လောက်လဲ”
“၁၀၀၀ ပါခင်ဗျာ”
“ဘာ.. နှစ်ထောင်...ဟုတ်လား... များတယ်... ၁၇၀၀ ထား”
“ကျွန်တော်ပြောတာ တစ်ထောင်လို့ ပြောတာပါခင်ဗျာ”
“ဒါဆို ၇၀၀ ထားအေ.. ”

နှစ်သက်မိသော ဒီဇိုင်းပုံတစ်ခု


ဒီနေ့ အကြိုက်ဆုံးစကား

ဟိုဘက်ကမ်းက မီး ဘယ်လောက် လင်းတယ် မလင်းဘူး သိချင်တယ်ဆိုရင် ကိုယ့်ဘက်ကမ်းက မီးကို မှိတ်ပြစ်ရတယ်။

ဒီနေ့အကြိုက်ဆုံး သီချင်းစာသား

သုညဘ၀ကစလို့ အဖေရုန်းကန် မြှင့်တင်ပေးခဲ့...
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားရဲ့...
ဖြေရှင်းတိုက်ခိုက်ခဲ့တဲ့ အဖေ့ရဲ့ သတ္တိမျိုးကျွန်တော် ရှိချင်တယ်အဖေ...
အဖေထွန်းညှိခဲ့တဲ့ အမှောင်ကို ခွင်းမဲ့ လမ်းပြမီးနဲ့...
အဖေအိပ်မက်ခဲ့တဲ့ အနာဂါတ်လောကအကျိုးသယ်ပိုးမယ်...
ကျွန်တော့်ကိုယ်ထဲမှာလှည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ် အဖေ...

(လေးဖြူ... လိပ်ပြာစီးရီးစ်မှ ... အဖေ)

ချစ်သူအတွက် ရည်စူးမိတဲ့စာတစ်စ

ချစ်သူရေ...
အိပ်မက်ကို စွန့်ခွါ..
အတိတ်ခါးခါးကို အရောင်စိုးလို့
ချစ်ရောင်စုံတိမ်ပွင့်ကြားမှာ
ရွှေရောင်နေခြည်သန်းခဲ့ပေါ့...
တမ်းတရင် နွမ်းလျတဲ့ဒီလူအတွက်တော့..
အရမ်းလှတဲ့ ကိုယ့်ချစ်သူကို ချစ်နေခဲ့မိတယ်...။

ညဏ်စမ်း

အဖြေ - လှေခါးကို တစ်ထစ်ပဲ တက်ရသေးလို့ ဖြစ်ပါတယ်။

အမေး - ဥအလုံးအရည်အတွက် နှစ်သောင်းလောက်ကို တစ်ခါတည်းနဲ့ ကုန်အောင်စားနိုင်ပါ့မလား..?

Web-site အညွှန်း

http://www.howstuffworks.com
(how * work)
http://imageshack.us
(image hosting)

Thursday, November 02, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၎

နည်းပညာဆိုင်ရာ မှတ်စု

KasperSky AntiVirus, AntiSpyware, Firewall, AntiSpam and Web Defence ပေါင်းစပ်ပါဝင်တဲ့ Kaspersky Internet Security 6.0 အကြောင်း လေ့လာမိပါတယ်။ စမ်းသပ်မှုတွေထဲမှာတော့ ရာနှုန်းပြည့်နီးပါး အမှတ်ကောင်းခဲ့တယ်လို့ ဆိုပါတယ်။ နမူနာ Adware တွေကို ဖော်ထုတ်ရာမှာ ဖိုင်ပေါင်း ၇၁၃ ဖိုင်ရှိတဲ့အနက် နှစ်ဖိုင်သာ ကျန်ရစ်ပါတယ်။ ရာနှုန်းပြည့်နီးနီး လုပ်ဆောင်နိုင်တယ် ဆိုရပါမယ်။ ပထမဆုံးလုပ်တဲ့ System Scan မှာ နည်းနည်းနှေးပါတယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့ လက်ရှိနားလည်နေတဲ့ အခေါ်အဝေါ်တွေ Antivirus, Antispyware, Firewall စတာတွေ မသုံးဘဲနဲ့ သူကိုယ်ပိုင်ထွင်ထားတဲ့ စကားလုံးတွေ သုံနှုန်းထားပါတယ်။ အဲ့ဒီအတွက် User ကိုနည်နည်း ကြောင်သွားစေနိုင်ပါတယ်။ အကျဉ်းချုပ်လိုက်ရင်တော့ ကွန်ပျူတာတစ်လုံးမှာ အသုံးကျမဲ့ လုံခြုံရေး Software တစ်ခု ဖြစ်တယ်လို့ ညွှန်းလိုက်ပါရစေ။

DDRII Technology

DDR Memory ရဲ့ Speed ဟာ 400 MHz ရောက်ရှိလာတဲ့အခါမှာ DDR နည်းပညာရဲ့ ဖွံဖြိုးတိုးတက်မှုဟာ အဆုံးအထိ ရောက်ရှိသွားပြီဖြစ်ပါတယ်။ အဲ့ဒီထက်ပိုတဲ့ အမြန်နှုန်းနဲ့ အလုပ်လုပ်နိုင်တဲ့ Memory တွေကို ထုတ်လုပ်နိုင်ဖို့အတွက် DDR II Technology ကို တီထွင်ခဲ့ပါတယ်။ DDR II Technology မှာ 800 MHz အထိ တိုးချဲ့ အသုံးပြုနိုင်ခြင်း၊ BandWidth မြင့်မားခြင်း၊ ပါဝါအစားသက်သာခြင်းတွေ အားသာပါတယ်။ One Clock Cycle မှာ 4 bit transfer လုပ်နိုင်တဲ့အတွက် မြန်ပါတယ်။ ပုံမှန် DDR RAM တစ်ခုဟာ One Clock Cycle မှာ 2 bit transfer လုပ်ပေးနိုင်ပါတယ်။ DDR II 400 နဲ့ DDR 400 ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အတူတူပဲဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ DDR Memory Core ဟာ DDR II Memory Core ထက် နှစ်စ ပိုမြန်တာကြောင့် ဖြစ်ပါတယ်။
DDR 400 မှာ Memory Core နဲ့ Buffer နှစ်ခုစလုံးဟာ 200 MHz နဲ့ အလုပ်လုပ်ပါတယ်။ Memory Core ဟာ One Clock Cycle မှာ Data 2 bits ပမာဏကို Buffer ဆီကိုပို့ပေးနိုင်ပါတယ်။

စာအုပ်ထဲမှ မှတ်စု

လောကကို လူတွေ အမြင်နှစ်မျိုးနဲ့ အဓိပ္ပါယ်ဖွင့်လေ့ရှိပါတယ်။ ပထမ တစ်မျိုးကတော့ အရှိကို အရှိအတိုင်း ဖတ်ကြားတဲ့ အကြောင်းအချက် အဓိပ္ပါယ် (Factal Meaning) ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကိုယ့်ခံစားချက်နဲ့ တွဲဖက်တဲ့ အခြေအနေ စိတ်လှုပ်ရှားမှု အဓိပ္ပါယ် (Emotional Meaning) ဖြစ်ပါတယ်။
Expressionism တွေဟာ လောကအမြင်ကို ဒုတိယအမျိုးအစားနဲ့ မြင်ပါတယ်။ သူတို့ဖန်တီးတဲ့ အနုပညာကို စိတ်လှုပ်ရှား ရိုက်ခတ်မှုတွေကနေ ဖန်တီးယူပါတယ်။ Emotional Force ဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။
သူတို့ရဲ့ လက်ထက်မှာတော့ အနုပညာဆိုတာ အဆင်တန်ဆာ သက်သက်မဟုတ်တော့ဘဲ ဘ၀အမြင် ဖွင့်ထုတ်ဖန်တီးမှုတွေ ဖြစ်လာပါတယ်။

ညဏ်စမ်း

ပေငါးဆယ်လောက်မြင့်တဲ့ လေခါးကနေ လူတစ်ယောက်ပြုတ်ကျတာ ဘာမှမဖြစ်ဘူးတဲ့ဗျာ။ ဘာလို့များပါလိမ့်။ အဖြေကို မနက်ဖြန်တင်တဲ့ပို့စ်မှာ ရေးပါမယ်။ သိသူများ... ၀င်အော်လို့ရပါတယ်။

နှစ်သက်မိသော ဒီဇိုင်းပုံကလေးတစ်ခု




ချစ်သူအတွက် ရည်စူးမိသော စာတစ်စ

သူ့ခြေလှမ်းတိုင်းက မုန်တိုင်းနုနုတွေပဲ
အပြင်းထန်ဆုံးလှိုင်းလုံးတွေက ကိုယ့်ရင်ထဲမှာ
သတ္တိဆိုတဲ့ သင်္ဘောကပျက်တော့
ကိုယ့်နှလုံးသားလေးဟာ မောဟိုက်လို့
အားငယ်စိတ်ပင်လယ်ထဲ
ညနေခင်း ပင်လယ်ထဲ
ကိုယ်မမြင်နိုင်တဲ့ ကမ်းခြေက
သူ့နှလုံးသားလေးသာပဲ။

ဒီနေ့သဘောကျမိတဲ့ စကားတစ်ခွန်း

လုပ်လို့မရတာကို သက်သေမပြနိုင်သေးတဲ့အထိ လုပ်လို့မရဘူးလို့ မပြောပါနဲ့။

Web-Site အညွှန်း

http://www.polysolve.com

(bypass proxy)

http://bypass.cabspace.com

(bypass proxy)

http://www.ebuddy.com

(web talk)