Tuesday, April 15, 2008

3rd Day of Mandalay Thingyan Festival 2008

ဘလော့ ပရိတ်သတ်ကြီး မင်္ဂလာပါ..။ (ဆိုင်းဆိုင်ခန်းဠိုင်သံဖြင့် ခပ်ဆင်ဆင်..) ကျွန်တော် ဒီနေ့တော့ ပထမ အကြတ်နေ့က ဓါတ်ပုံတချို့ တင်ပေးချင်ပါတယ်..။ ကျွန်တော် ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိပါမယ်..။ ဒါပေမယ့် မြန်မာပြည်နဲ့ဝေးနေတဲ့သူတွေအတွက်.. ရွှေမန္တလေးသင်္ကြန်နဲ့ ဝေးနေတဲ့ သူတွေအတွက်တော့ အလွမ်းပြေဖြစ်ချင် ဖြစ်ပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်ပါ.. ပျော်စေချင်တဲ့ ဆန္ဒနဲ့ပါ..။ ပျက်စေချင်တဲ့ ဆန္ဒ မပါရှိရိုး အမှန်ပါ..။ ခေတ်နဲ့ စနစ်နဲ့ အပြောင်းအလဲတွေကြားမှာ ထင်ဟပ်လာတဲ့ သင်္ကြန်သွင်ပြင်ဟာလည်း အပြောင်းအလဲတွေနဲ့ အရောင်စုံနေတာပါပဲ..။ ဒါကို သတင်းပုံရိပ်အနေနဲ့ရော အမှတ်တရအနေနဲ့ပါ ကျွန်တော် အပင်ပန်းခံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်..။ အားလုံး ခံစား ပျော်ရွှင်နိုင်ကြပါစေ.. လို့ ဆုတောင်းပါတယ်..။ မင်္ဂလာ နှစ်သစ်ဖြစ်ပါစေဗျာ..။















2 Comments:

Blogger MYO HAN HTUN said...

အရမ်းကို ကျေးဇူးတင်ပါတယ် ဗျာ ..

ကိုတိုး

3:07 AM  
Blogger ဘလူးဖီးနစ် said...

ကျေးဇူးတင်ပါတယ်ဗျာ။ ပုံလေးတွေက တော်တော်ကောင်းတာပဲ။ အင်း လွမ်းမိပါတယ်ဗျာ။ နောက်နှစ်တော့ သင်္ကြန်ကို မန်းမှာ ကျမယ်ထင်တယ်။ ကိုပုဂံနတ် ကို လာညှည်းဦးမှပဲ :P

5:16 AM  

Post a Comment

<< Home