Monday, March 12, 2007

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၇

စာအုပ်ထဲမှ မှတ်စု

အခုလက်ရှိ ရောက်နေတဲ့ အချိန်ကာလကို သတ်မှတ်ရင် အကြမ်းအားဖြင့်တော့ စစ်အေးလွန်ကမ္ဘာလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်..။ စစ်အေးလွန် ကမ္ဘာမှာ မဟာဗျူဟာ အထုပ် (Stretegic Package) နှစ်ထုပ် ရှိပါတယ်..။ နိုင်ငံတကာ မိသားစုဘက်က အထုပ်မှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ လစ်ဘရယ် ဒီမိုကရေစီ ရှိပါတယ်..။ အဲဒါနဲ့ အပြိုင် တန်ပြန်မဟာဗျူဟာ အထုပ်မှာတော့ အားနည်းသော၊ ပြိုလဲနေသော၊ မအောင်မြင်သော နိုင်ငံများအုပ်စု၊ (weak, failed and collapse states) အစုလိုက် အပြုံလိုက် ဖျက်စီးနိုင်သော လက်နက်များ (WDM) နဲ့ သတင်းအချက်အလက် နည်းပညာအမှောင်ဘက်ခြမ်း တို့ ရှိနေပါတယ်..။ အဲဒါဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး မဟာဗျူဟာ အခင်းအကျင်းလို့ ပြောလို့ရပါတယ်..။

နည်းပညာမှတ်စု

Hard Disk ကို အတွင်းပိုင်း ဖွင့်ကြည့်ရင် Aluminium နဲ့လုပ်ထားတဲ့ အချပ်ကလေးတွေ တစ်ခုနဲ့တစ်ခု နည်းနည်းလောက်ဟပြီး ထပ်ထားတာ တွေ့နိုင်ပါတယ်..။ အဲဒီ Aluminium ပြားလေးတွေမှာ သံလိုက်အလွှာပါးလေးတွေ အုပ်ထားပါတယ်..။ Read/Write Head ကလေးက အဲဒီအချပ်ပြားလေးတွေပေါ်မှာ ပြေးလွှားရင်း လျှက်စစ်သံလိုက် စက်ကွင်းတစ်ခု ဖြစ်ပေါ်စေပါတယ်..။ အဲဒီလို ဖြစ်ရာကနေ အချက်အလက်တွေကို ဖတ်သွား/သိမ်းသွား ပါတယ်..။

Hard Disk ကို လေလုံအောင်ပိတ်ထားရပါတယ်..။ ဖုန်မှုန့် သဲမှုန့်တွေ မ၀င်အောင်လို့ပါ..။ သံလိုက်အလွှာပါးမှာ ခြစ်မိသွားရင် အချက်အလက်တွေ ပျက်စီးနိုင်တဲ့အပြင် Hard Disk ကိုပါ ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်..။ ကျွန်တော် HardDisk အကောင်းတစ်လုံးကို အဖုံးခွာကြည့်ပြီး သုံးဖူးပါတယ်..။ သီချင်းဖွင့်နားထောင်ပါတယ်..။ File Save လုပ်ကြည့်ပါတယ်..။ ၂ လ လောက် ဒီတိုင်းသုံးကြည့်ပါတယ်..။ ၂ လကျော်သွားတော့ Bad Sector တွေများပြီး ဂန့်သွားပါတယ်..။

အ၀ိုင်းလိုက် အထပ်လိုက်ဖြစ်နေတဲ့ အရာလေးတွေကို Platter လို့ခေါ်ပါတယ်..။ အများအားဖြင့် Hard Disk တစ်လုံးမှာ Platter သုံးခုပါတတ်ပါတယ်..။ မျက်နှာပြင်ကို အပေါ်အောက် သတ်မှတ်ထားပါတယ်..။ Read/Write Head ကလေးတွေကို အတွဲလိုက် တပ်ဆင်ထားတတ်ပါတယ်..။ အဲဒါကို Head Assembly လို့ခေါ်ပါတယ်..။ (အချက်အလက် သိမ်းဆည်းပုံ၊ အခေါ်အဝေါ်၊ အတိုင်းအတာတွေကို ဆက်ရေးပါ့မယ်..)

ဟာသ

ရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိသတဲ့..။ သူ့မှာ အင်မတန်ချောမော လှပတဲ့ သမီးတော်လေး တစ်ပါးလည်း ရှိတယ်တဲ့..။ ဒါပေမယ့် အဲဒီ ဘုရင့်သမီးတော်လေးဟာ
ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်နေသတဲ့..။ ဘာလဲဆိုတော့ သူ့လက်နဲ့ ကိုင်လိုက်တဲ့ အရာမှန်သမျှ အရေပျော်သွားခြင်းပဲတဲ့..။ ဒီတော့ အခက်တွေ့တော့တာပေါ့..။ ဘုရင့်သမီးတောလေးဟာ အရွယ်ရောက်လို့ လှနေပနေပေမယ့် တစ်ယောက်မှ လက်မထပ်ရဲဘူး ဖြစ်နေတယ်တဲ့..။

ခမည်းတော် ဘုရင်ကြီးကလည်း စိတ်မချမ်းသာဘူးပေါ့..။ တစ်ရက်တော့ ဘုရင့်အမတ်ကြီးတစ်ပါးက အကြံပေးတဲ့အတိုင်း သမီးတော်အတွက် လက်နဲ့ထိလို့ အရေပျော်မသွားတဲ့အရာတစ်ခု ပြနိုင်မယ်ဆိုရင် အဲဒီသူနဲ့ သမီးတော်လေးကို သဘောတူမယ်တဲ့..။ ဒါနဲ့ အဲဒီသတင်းကို ကြားတော့ စမ်းသပ်ကြည့်ချင်တဲ့ မင်းသားငယ် သုံးပါး ရောက်လာသတဲ့..။

ပထမ မောင်ရမ်းဆိုတဲ့ မင်းသားငယ်က ဧရာမ ဂ၀ံကျောက်တုန်းကြီး သယ်လာသတဲ့..။ ဘုရင့်သမီးတော်လေး လက်နဲ့ထိလိုက်တော့ အဲဒီဂ၀ံကျောက်တုန်းကြီးလည်း အရေပျော်သွားတယ်..။ ဒုတိယ မင်းအိုဆိုတဲ့ မင်းသားငယ်က စိန် ယူလာတယ်..။ စိန်လည်း အရေပျော်သွားသတဲ့..။ တတိယ လက်တစ်ရော့ဆိုတဲ့ မင်းသားငယ်က ခပ်တည်တည်ပဲ..။ ဘာပစ္စည်းမှ ယူမလာဘူးတဲ့..။ မင်းသမီးလေး ရှေ့ကိုရောက်တော့ သူ့ဘောင်းဘီအိပ်ထောင်ထဲကို လက်နှိုက်ခိုင်းသတဲ့..။ မင်းသမီးလေး ရှက်သွေးဖြာသွားပြီး မျက်နှာလေး နီရဲသွားသတဲ့..။

ဒါပေမယ့် မင်းသမီးလေးက တတိယမင်းသားငယ် ခိုင်းတဲ့အတိုင်း အိပ်ထောင်ထဲ လက်နှိုက်လိုက်တော့ အချောင်းတစ်ခုကို စမ်းမိသတဲ့..။ ဒါနဲ့ လက်နဲ့ကိုင်လိုက်တော့ အရေပျော်မသွားဘူးဆိုပဲ..။ ခမည်းတော် ဘုရင်ကြီးလည်း သိပ်ပျော်သွားသတဲ့..။ အရူးလွယ်အိပ်ပိုင်ရှင် မင်းသားလေးနဲ့ (အမှန်က နည်းနည်းအိုရှာပြီကွယ့်) သမီးတော်လေးကို သဘောတူလိုက်တာပေါ့ကွယ်..။ မင်းသမီးလေး စမ်းမိတာက လက်နဲ့ကိုင်ထားရင် အရေမပျော်ဘဲ လျှာပေါ်တင်မှ အရေပျော်တဲ့ နက်စလေ ချောကလက်တဲ့..။ (ဘာထင်လို့လဲ ဟင်...)

ဒီနေ့အကြိုက်ဆုံး စကား

သိုးပျင်းတစ်ကောင်ဟာ သူ့အမွှေးတွေကိုတောင် လေးတယ်ထင်တတ်တယ်..။

ချစ်သူအတွက် ရည်စူးမိတဲ့ စာတစ်စ

ချစ်သူ...
မင်းဟာ လတစ်ဆင်း ဖြစ်လိုက်စမ်းပါ..
ကြယ်ပွင့်လေး အနေနဲ့
မင်းဘေးမှာ ခြံရံထားလိုသူပါကွာ..

ချစ်သူ...
မင်းဟာ နေတစ်စင်းဖြစ်လိုက်စမ်းပါ..
တိမ်တိုက်ဖြူတို့အနေနဲ့
မင်းနားမှာ ခြံရံထားလိုသူပါကွာ..။

ဥာဏ်စမ်း
အမေး-
မင် အရောင်တစ်မျိုးသာ ထွက်တဲ့ ဘောပင်နဲ့ အရောင်မျိုးစုံထွက်အောင် ရေးနိုင်ပါ့မလား..။