Bridge Broke (U Pain Bridge, Mandalay)
မန္တလေးမြို့ အထင်ကရလည်း ဖြစ်တဲ့ ဦးပိန်တံတား ကျိုးကျသွားတယ်ဆိုတာ သိရပါတယ်..။ သင်္ကြန်နောက်ဆုံးနေ့က ဖြစ်တယ်လို့ တဆင့်စကားကနေ သိရပေမယ့် ကျွန်တော့်စိတ်ထဲမှာ သိပ်မသေချာပါဘူး..။ ဒါနဲ့ ဒီနေ့မနက်စောစော နေမထွက်ခင်လောက်ကို ဦးပိန်တံတားဆီကို ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ဆိုက်ကယ်နဲ့ သွားဖြစ်ပါတယ်..။ တံတားကိုကြည့်ပြီး အတော်လေး နှမြောတသ မိသလို ပါးစပ်က လွှတ်ခနဲလည်း ဆဲမိပါသေးတယ်..။ မူးပြီး တံတားက လက်ရမ်းတိုင်လုံးတွေ ခါရမ်းကြပြီး ကောင်မလေးတွေကို စကြ နောက်ကြတာကနေ ဖြစ်သွားတယ်လို့ ဦးပိန်တံတားက ဈေးသည်တွေက ပြောကြပါတယ်..။ ခက်တာက ဒီဘက်ကမ်း ဟိုဘက်ကမ်းကို အရင်က စက်ဘီးကလေးတွန်းပြီး ဖြတ်သွားလို့ရပေမယ့် အခုတော့ တမျှော်တခေါ်ကြီး သွားရပြုရနဲ့ အလုပ်တွေရှုပ်ကုန်တာပေါ့လေ..။ သမိုင်းကြောင်းတစ်ခု ရှေးအမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်..။ ဒါကို ပေါ့ပေါ့တန်တန် မထားသင့်ဘူးလို့ မြင်မိပါတယ်..။