Tuesday, October 31, 2006

ရှာဖွေဖတ်ရှုမိသော အကြောင်းအရာများ ၃

နည်းပညာဆိုင်ရာ မှတ်စု

Hyper-threading Technology

ကွန်ပျူတာတွေ Multitasking လုပ်နိုင်လာတယ်။ Multitasking လုပ်နိုင်တယ်ဆိုတာက တစ်ချိန်တည်း တပြိုင်တည်းမှာ Application တစ်ခုထက်မက ပိုပြီးခိုင်းစေထားတာ မျိုးကို လုပ်ပေးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ပေါ်တာတော့ ကြာပေါ့။ Thread ဆိုတာ Program ကနေ CPU ကိုပို့ပေးတဲ့ Instruction ကို ခေါ်တာပါ။ Dual Processor သုံးတဲ့ စနစ်တစ်ခုမှာဆိုရင် တပြိုင်တည်းမှာ ခိုင်းလိုက်တဲ့ Thread နှစ်ခုကို Processor နှစ်ခုပေါင်းပြီး အလုပ်လုပ်ပါတယ်။ အဲ့ဒီအတွက် ပိုပြီးမြန်ပါတယ်။ Hyper thread ဆိုတဲ့ နည်းပညာဟာ Dual Processor ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် Thread နှစ်ခုကို Processor တစ်လုံးတည်းကနေ တပြိုင်နက် အလုပ်လုပ်ပေးနိုင်တာကို Hyper Thread Technology ဖြစ်ပါတယ်။

ဒါဆိုရင် HT သုံးတဲ့ ကွန်ပျူတာတွေ သာမန်ကွန်ပျူတာတွေထက် နှစ်စ မြန်သလား ဆိုတဲ့ မေးခွန်း မေးကြပါတယ်။ မမြန်ပါဘူး။ HT နည်းပညာသုံးတဲ့ Processor တွေဟာ Logically အရ နှစ်ခုလုပ်နိုင်သလိုထင်ရပေမဲ့ Physically အရတော့ Processor တစ်လုံးမှာ ပါဝင်တည်ဆောက်ထားတဲ့ Cache Memory, Execution Unit, Bus တွေကို ခွဲယူသုံးစွဲထား ရတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ သာမန် Processor တွေထက်တော့ 30% လောက် ပိုမိုမြန်ဆန်ပါတယ်။

Beep Code

ကွန်ပျူတာတစ်လုံးကို ဖွင့်လိုက်တယ်။ စက်စဖွင့်လိုက်ရင် အနက်ရောင် Screen ကြီး တက်လာတယ်။ နောက်တော့ တီ (Beep) ဆိုပြီး မြည်တယ်။ နောက်တစ်ချက် ထပ်ပြီး တီ (Beep) ဆိုပြီး မြည်တယ်။ နောက်တော့ တက်သွားတယ်။ အဲ့ဒီအဆင့်တွေက ကွန်ပျူတာဖွင့်လိုက်တာနဲ့ POST (Power On Self Test) လုပ်သွားတာလေးတွေပါ။ အသံကလေးတွေက Hardware Error Code တွေကို ရည်ညွှန်းပါတယ်။ BIOS တစ်ခုနဲ့ တစ်ခု အချက်ပေးပုံချင်း ကွဲတယ်ဆိုတာ သတိပြုသင့်ပါတယ်။

AMI BIOS ERROR BEEP CODE

1 Beep – Memory Refresh Failure (Check Memory)
2 Beeps – Memory parity error in first 64 KB block (Check Memory)
3 Beeps – Memory read/write error in first 64KB block (Check Memory)
4 Beeps – Motherboard timer not functioning (possible motherboard replacement)
5 Beeps – Processor Error (may need replacement processor)
6 Beeps – Gate A20/keyboard controller failure (Possible motherboard replacement)
7 Beeps – Processor exception interrupt error (may need replacement processor)
8 Beeps – Display memory read/write failure (reseat or replace video card)
9 Beeps – ROM checksum error (replace BIOS chip or motherboard)
10 Beeps – CMOS shutdown read/write error (possible motherboard replacement)
11 Beeps – Bad Cache Memory – test fail (replace cache memory)

Phoenix BIOS Error Beep Code

Phoenix BIOS beep codes are a series of beeps separated by a pause, for example: beep --- beep beep --- beep --- beep beep would be 1-2-1-2

1-1-4-1 – Cache Error (Level 2)
1-2-2-3 – BIOS ROM checksum
1-3-1-1 – DRAM refresh test
1-3-1-3 – Keyboard Controller test
1-3-4-1 – RAM failure in address line xxxx (check memory)
1-3-4-3 – RAM failure in data bits xxxx of low byte of memory bus
1-4-1-1 – RAM failure in data bits xxxx of high byte of memory bus
2-1-2-3 – ROM copyright notice
2-2-3-1 – Test for unexpected interrupts

AWARD BIOS ERROR BEEP CODE
There are 2 main beep codes for Award BIOS:
One long beep and two short beeps – Video Error (reseat or replace video card)
Tow short beeps – Non Fatal Error (reseat RAM, check other components)

စာအုပ်ထဲမှ မှတ်စု

Epistemological Hesitation
လူတစ်ယောက်သည် လမ်းမပေါ်လျှောက်လာနေသည်။ ရုတ်ချည်းပင် သူသည် အတောင်ပံများ ပေါက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ အဲ့ဒီမှာ လူသည် လမ်းလျှောက်တတ်သည် ဆိုတဲ့ သဘောက သဘာဝကိစ္စ (Natural) ဖြစ်ပါတယ်။ ပျံတက်သွားခြင်းဆိုတာက သဘာဝလွန်ကိစ္စ (Super-Natural) ဖြစ်ပါတယ်။ သဘာဝအတိုင်း လူသည် လမ်းလျှောက်တတ်သည့် သတ္တ၀ါဆိုတာကို သိထားတဲ့ အသိက မိုးသို့ပျံခြင်းဆိုတဲ့ သဘောဝလွန်ကိစ္စမှာ တွန့်ဆုတ်သွားစေပါတယ်။ အဲ့လို တွန့်ဆုတ်သွားစေတဲ့ အသိတရားကို Epistemological Hesitation လို့ခေါ်ပါတယ်။ Epistemology ကို အခြေခံရေးသားတဲ့ စာပေအမျိုးအစား သီးသန့်ရှိပါတယ်။ အနုပညာ ပုံစံတစ်ခုကို ရည်ညွှန်းပါတယ်။

သဘောကျမိသော ဒီဇိုင်းပုံကလေးတစ်ခု

ကျွန်တော့လက်ရာ ဒီဇိုင်းကလေး တစ်ခု

(ရှူး... တိုးတိုး မဆွဲတတ်ဆွဲတတ် လျှောက်ဆွဲထားတာ... အဟိ)

ချစ်သူအတွက် ရည်စူးမိတဲ့ စာတစ်စ

သိမ်းထားတဲ့
ငြိမ်းမသွားတဲ့ မီး…
ကိုယ့်ရင်ထဲ တမြည့်မြည့်ပေါ့…
ဘာမီးလို့မေး
ချစ်မီးပေါ့ ကလေးရေ...။

ဒီနေ့သဘောကျမိတဲ့ သီချင်းစာသား

“လလေးတစ်စင်း... ဒီရင်ထဲက
ကြွေကာသွား ငါ့ညမှောင်လွန်းတယ်...

အိပ်မက်ဆိုးတဲ့... ဒီညများထဲ...
အိမ်ပြန်လမ်းမ တစ်ယောက်တည်းပဲ...
နင်ငါ့ကို...
နင်လှုပ်နှိုးပြီး အသက်သွင်းခဲ့..
ရှင်သန်တော့မှ မြေမြှပ်တယ်...
ဒါနောက်ဆုံးပေါ့ ... ပြန်ရုပ်သိမ်းတော့...
အရင်လို နှုတ်ဆိတ်နေတုန်းပဲ...
ချစ်သူ.. အဆင်ပြေမလား... ငါတွေးတယ်
မပြတ်သေးဘူး...
သတိရဲရဲ့လား.. သတိရရဲ့လားစလို့ မေးချင်းလည်း.. ငါ့ကို
သတိရရဲ့လား.. သတိရရဲ့လားလို့ ငါမေးရင်လည်း...
မင်းက မကြားနိုင်ခဲ့...”
(ဟန်ထူးလွင်.. ဗီလိန်စီးရီးမှ... သတိရရဲ့လား)

ဒီနေ့ အကြိုက်ဆုံး စကား

သေးဖွဲသော အရာကလေးများသည် ပြည့်စုံမှုကို ဖြစ်စေသည်။ သို့သော်… ပြည့်စုံမှုသည် အသေးအဖွဲမဟုတ်။

Web-Site အညွှန်း
Today, I would like to point these site for understand about How to setup eot? or How to configure it? and Where to use it? These links will help you clearly. Thank you ko MgHla.

http://mghla.blogspot.com/2006/10/eot_31.html
http://mghla.blogspot.com/2006/10/eot.html